Chapter 104- အားလပ်ရက်၏ အကျိုးဆက်

6.5K 960 21
                                    

Zawgyi

နောက်တစ်နေ့မနက်တွင် သုံးယောက်သား Harbin လေဆိပ်မှ ထွက်လာကြသည်။

ညနေငါးနာရီမတိုင်ခင် ဘေကျင်းလေဆိပ်သို့ ဆိုက်ရောက်ကာ သူတို့ ထွက်လာချိန်တွင် Yuan Zong နှင့် Yuan Ru တို့ကို လာကြိုသူက စောင့်နေ၏။ Yuan Zong က Xia Yao နှင့်အတူ လိုက်လာသည်။

Xia Yao အိမ်တံခါးဝသို့ ရောက်သောအခါ Xia Yao က Yuan Zong လွယ်ထားသော သူ့ကျောပိုးအိတ်ကို ဆွဲလု၍ အတင်းတွန်းလွှတ်သည်။
" ရပြီ... ခင်ဗျားပြန်တော့... ကျွန်တော့်ဘာသာ ဝင်မယ်"

Yuan Zong က စိုးရိမ်စိတ်နှင့် မျက်မှောင်ကြုံ့သည်။
" ကိုယ် မင်းကို အထဲထိ လိုက်ပို့မယ်"

" မရဘူး... မလိုက်နဲ့... ပြန်တော့... မြန်မြန်"

ဘာမှန်းမသိ​သော အကြောင်းပြချက်နှင့် Xia Yao က Yuan Zong ကို အထဲပေးမဝင်စေချင်။ သို့သော် Xia Yao က တွန်းလွှတ်လေလေ Yuan Zong က ထိုအကြောင်းကို ပိုသိချင်လေလေ ​​ဖြစ်၏။ Mrs. Xia တံခါးနားရောက်လာသည်အထိ နှစ်ယောက်သား တံခါးတွန်းတွန်းတိုက်တိုက် ဖြစ်နေကြသည်။

Mrs.  Xia က တံခါးဖွင့်လိုက်သည်။

"Xia Yao... အခုချက်ချင်း အထဲဝင်ခဲ့စမ်း"

ထိုအသံကြောင့် Xia Yao တုန်တက်သွားကာ အထဲကို ကုပ်ကုပ်လေး ဝင်သွားရင်း Yuan Zong ကိုပင် မတားနိုင်တော့။

"အား.. အမေ့.. မေ့.."

Xia Yao အထဲပင် မရောက်သေး နားရွက်ကို ဆွဲလိမ်လိုက်သော Xia မေမေ၏ လက်ချောင်းများနှင့် မိတ်ဆက်မိ၍ ပူထူသွားသည်။ တစ်ကိုယ်လုံး တွန့်လိမ်ကာ လှည့်ပတ်ပြေးနေသည်။

ထိုအချိန်တွင် Yuan Zong လက်နှစ်ဖက်လုံး အိတ်များပြည့်နေ၍ Xia Yao ကို မကူလိုက်နိုင်။

Xia Yao က မျက်နှာရှုံ့မဲ့ကာ အသက်ချမ်းသာပေးရန် တောင်းဆိုသည်။
" မေ့.. မေ့.. နည်းနည်းလောက် မျက်နှာသာ ပေးပါဦး... ကျွန်တော့်သူငယ်ချင်း ရှိသေးတယ်လေ"

" မျက်နှာသာပေးရမယ်.. နင် လုပ်ထားတာ နင်ပြန်ကြည့်လေ.."

Yuan Zong လဲ မခံနိုင်တော့ပဲ အခြေအနေကို ရပ်တန့်ရန် ဝင်လိုက်သည်။

Mrs. Xia က တင်းတင်းကြပ်ကြပ် ဆုပ်ထားသောကြောင့် သာမန်လူများ အလွယ်တကူ မဖြုတ်နိုင်ပေမဲ့ Yuan Zong ဘယ်လိုနည်းလမ်း သုံးလိုက်သည်မသိ အားမပါပဲ လက်မှာ လွယ်လွယ် လွှတ်သွားသည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now