Chapter 170- အချစ်စစ်ဆိုတာ ဘာများလဲ

3.3K 470 23
                                    

Zawgyi

သူ့အခန်းထဲတွင် Xia Yao ပိတ်မိနေသည်မှာ ဆယ်ရက်ကျော်နေပြီဖြစ်၏။ အိမ်သာသွားချိန်နှင့် ထမင်းစားချိန်မှလွဲ၍ ဘယ်ကိုမှ သွားခွင့်မရှိ။ ဖုန်းနှင့် လက်တော့ပ်လဲ အသိမ်းခံလိုက်ရသည့်အတွက် အပြင်လောကနှင့် လုံးလုံး အဆက်အသွယ် ပြတ်တောက်နေ၏။

သာလိကာလေးမှာလဲ သခင်နှင့်မခြားပေ။ ကျီကျီကျာကျာ စကားမပြော။ အစားပင် ကောင်းကောင်းမစားနိုင်ပဲ အဆက်မပြတ်သာ အန်နေ၏။

Xia Yao က သူ့အမေကို တောင်းဆို၏။
" အမေ... ကျွန်တော် အငယ်ကောင်လေးကို ဆေးခန်းပြချင်လို့"

" မရဘူး"
Xia မေမေက ဆုံးအောင်ပင် နားမထောင်ပေ။

Xia Yao က ထပ်ကြိုးစား၏။
" သူ အရမ်းအန်နေတာလေ"

" အရင်ရက်က မဟုတ်တာတွေ သွားစားတာကိုး... ရေများများတိုက် သက်သာသွားလိမ့်မယ်..."

" မဟုတ်ဘူးအမေ.... အဲ့လိုလုပ်လို့ မရဘူး..."

Xia မေမေက မျက်မှောင်ကြုံ့၏။
" ငါ အခု အပြင်သွားစရာရှိနေတယ်...နေ့လည် ပြန်လာရင် သူ့ကို ဆေးခန်းပြပေးလိုက်မယ်"

Xia Yao  စိတ်မရှည်တော့။
" နေ့လည်အထိ စောင့်ရမှာလား... သူ့ကိုလဲ တစ်ချက်ကြည့်ပါဦး... နေ့လည်အထိ စောင့်နိုင်မယ်မထင်ဘူး"

" အဲ့ဒါဆိုလဲ ဆရာဝန်ကို အိမ်ခေါ်လိုက်မယ်"

Xia Yao က ငြင်းသည်။
" သူမသိတဲ့ ဆရာဝန်ဆို သူကြောက်တတ်တယ်... မရဘူး"

Xia မေမေလဲ သည်းမခံနိုင်တော့ပဲ။
" အဲ့လိုဆိုလဲ သေအောင်သာ ပစ်ထားလိုက်"

Xia Yao က ထိုစကားကြောင့် ဒေါသအတော်လေးထွက်သွားသည်။
" သူသေရင်တော့ ကျွန်​တော်လဲ လောကကြီးမှာ မနေတော့ဘူး"

Xia မေမေ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာ၏။
" မင်းပြောတဲ့ပုံကို ကြည့်စမ်း.... အဲ့ငှက်ကို ချက်ချင်းချက်ပြီး မင်းကို ကျွေးမယ် သေရဲသေးလားလို့"

Xia မေမေက ဒေါသတကြီးနှင့် လှောင်အိမ်ထဲမှ ငှက်ကို ကိုင်လိုက်ရာ သာလိကာလေးမှာ တစ်ချက်တုန်သွားပြီး သွေးအန်တော့သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now