Chapter 5- ကြောက်မက်ဖွယ် အန္တရာယ်ရှိသော စရိုက်နှင့်လူ

8.8K 1.2K 17
                                    

Zawgyi

ညနေရောက်တော့ Xia Yao က ရုံးဂိတ်အပြင်သို့ လမ်းလျှောက်ထွက်ကာ နီးစပ်ရာ စတိုးဆိုင်တွင် စီးကရက်ဝယ်ရန် ဝင်လာခဲ့၏။

"Ruan Yu Xi တစ်ဗူးလောက်"
ကောင်တာမှ ဆိုင်ရှင်က စီးကရက်တစ်ဗူးယူနေစဉ် Xia Yao က ပိုက်ဆံနှိုက်နေ၏။ ထိုအချိန်တွင် ဝယ်သူတစ်ယောက် တံခါးဝတွင် လာရပ်သည်။ ထင်းနေသော မြင်ကွင်းကြောင့် ဆိုင်ရှင်သည်ပင် ကြောက်ရွံ့စိတ်များ ဝင်ရောက်လာ၏။ ထိုအမျိုးသား၏ မျက်နှာမှ ကြွက်သားများမှာ တင်းမာနေသည်။

" ဟို... ဘာအလိုရှိလို့ပါလဲ"

ခပ်သြသြနှင့် အားပါလှသော ယောက်ျားသံမှာ Xia Yao နံဘေးမှ ထွက်ပေါ်လာ၏။

" သူ့လိုပဲ ပေး..."

ဆိုင်ရှင်က ခေါင်းငုံ့ကာ စီးကရက်တစ်ဗူး ထုတ်ပေး၏။

Xia Yao သည် ဘေးမှလူကို တစ်ချက် ခိုးကြည့်မိသည်။

ကုတ်အင်္ကျီအမဲအောက်ရှိ ကြွက်သားများအပြည်ဖုံးထားသော ခန္ဓာကိုယ်သည် အနည်းဆုံး ၁.၉မီတာခန့် ရှိမည်။ မျက်ခုံးထူထူမြင့်မြင့်မှာ မှော်ဓားကဲ့သို့ နက်မှောင်နေကာ မျက်တောင်များမှာ မျက်လုံးထောင့်များကို အပေါ်အောက် ဝန်းရံနေသည့်အလားပင်။ မြင့်မားလှသော နှာတံသည် လေးထောင့်ကျသော မျက်နှာနှင့် အလွန်ပင် လိုက်ဖက်လှသည်။ မေးချွန်ချွန်နှင့် ယောက်ျားပီသလှသော မျက်နှာမှာ မေးရိုးကားကားနှင့် ဆွဲဆောင်မှု အပြည့်ရှိနေ၏။

Xia Yao က Yuan Zong ကို ကြည့်၍ စိတ်ထဲ ကြိတ်ဝေဖန်နေချိန် Yuan Zong ကလဲ Xia Yao ကို တိတ်တဆိတ် အကဲခတ်နေ၏။

ယောက်ျားဆန်လှသော မျက်နှာတွင် ရှည်လျားကျဉ်းမြောင်းသော မျက်လုံးအိမ်နှင့် အပေါ်အောက် မျဉ်းပြိုင်သဏ္ဍာန်ရှိသော မျက်ရစ်နှစ်သွယ်က မျက်ဝန်းထောင့်တွင် လှပစွာ တွေ့ဆုံ၍ မျက်ဝန်းနက်နက်များကို ဖွက်ထားလေသည်။ မျက်လုံးထောင့်စွန်းမှာ လေးကိုင်းသဏ္ဍာန် ကော့ညွတ်နေကြ၏။ နှုတ်ခမ်းမှာ တင်းမာနေဟန်ရှိပေမဲ့ အဆိုပါ မျက်ဝန်းတစ်စုံနှင့် ဖြူဖျော့နေသော အသားအရေနှင့် တွဲကြည့်ပါက လှပမှုတို့ လျှံကျနေသည့် အသွင်ဆောင်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now