Zawgyi
Xia Yao က တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှ ငွေကြေးအခက်အခဲ ရှိနေရာ သူ့အဖေ၏ စကားကို ကြားလိုက်ရသည့်အချိန် ကိုယ့်သေတွင်း ကိုယ်တူးသည်ထက်ပင် အခြေအနေဆိုးသွား၏။
အဖေအကြိုက်လိုက်ကာ သံယောင်လိုက်နေမိသည်ကို Xia Yao နောင်တ ရမိ၏။ သူ့မျက်နှာအမူအရာက အဲ့လောက်ထိ သိသာနေသည်က သူ့အမှားပင်။ သူ့အဖေစကားစကထဲက ပြတ်ပြတ်သားသား ငြင်းလိုက်ရမည်ကို သူ တွန့်ဆုတ်နေခဲ့၏။ စောင်အောက်မှာ ရှိနေသည်က သူ့အဝတ်တွေပါလို့ ပြောလဲ ရသားပဲ... ပြီးတော့ သက်သေတစ်ခုမှ ရှိမနေသည်လေ။ သူ့အဖေ ဘာများ လုပ်နိုင်မှာလဲ...
သို့သော် အရာအားလုံး နောက်ကျခဲ့သည်။ ဟန်ဆောင်မကောင်း၍ ဘာမှ ဖုံးကွယ်မရတော့ပေ။
နောက်ဆုံး ဘယ်လိုမှ ကြံမရတော်၍ Xuan Da Yu ဆီသွားကာ ပိုက်ဆံချေးလေသည်။
Xuan Da Yu က ချေးရသည့်အကြောင်းရင်းကို မေးတော့ သူက Yuan Zong အကြောင်းကို ဖယ်၍ ပြောပြလိုက်သည်။ အာသာဖြေနေတုန်း သူ့အဖေ မိသွားသည်ဟူ၍ ပြောကာ ရပ်လိုက်၏။
Xuan Da Yu က Xia Yao စကားဆုံးသည်နှင့် အားရပါးရ အော်ရယ်လေသည်။ Wang Zhi Shui နှင့် ပြဿနာတက်ပြီးကထဲက Xuan Da Yu တစ်ယောက် ပထမဆုံး ထိုကဲ့သို့ လွတ်လွတ်လပ်လပ်ရယ်ခြင်းဖြစ်၏။
Xia Yao က မျက်မှောင်ကြုံ့၏။
" အဲ့လောက် ရယ်စရာကောင်းလို့လား"Xuan Da Yu အူတက်သွားပြန်၏။
" မရယ်ရလို့လား... မင်းက အားရပါးရ လုပ်တော့မယ်ကြံရုံရှိသေး..မင်းအဖေကြီးက ဝင်လာတာလေ... ရှက်ရမ်းရမ်း မနေပါနဲ့ကွာ..."Xia Yao က စိတ်ညစ်ညစ်နှင့် တောင်းတောင်းပန်ပန်ပြော၏။
" မင်းလေ.. ငါ့ကို နည်းနည်းလောက်ပဲ နှစ်သိမ့်ပေးလို့ မရဘူးလား"ထိုအခါကျမှ Xuan Da Yu က မျက်နှာတည်သွားပြီး အရယ်ရပ်လိုက်သည်။
" ပြောလေ... အဲ့ဒီတုန်းက မင်း ကိုယ်လုံးတီးကြီးနဲ့လား"
Xia Yao က မျက်နှာတည်ကြီးနှင့် ခေါင်းညိတ်လေ၏။
" မင်းအဖေဝင်လာတော့ မင်းရဲ့လက်တွေက တတိယလူ ဝင်လာတာကို အနှောင့်အယှက်လို့ ထင်ရတဲ့အထိ အာရုံစိုက်နေခဲ့တာလား"
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...