Chapter 2- ဘယ်သူပြောနေတာလဲ

11.4K 1.3K 44
                                    

Zawgyi

ပြည်သူ့လုံခြုံရေးဌာနသို့ ပြန်ရောက်သောအခါတွင် လုပ်ဖော်ကိုင်ဖက်ရဲများက Xia Yao ၏ အောင်မြင်မှုကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

"ရေး.. Xia Yao ကွ.. ဒါနဲ့ဆို ချန်ပီယံဖြစ်ကာ သုံးကြိမ်မြောက်ရှိပြီမဟုတ်လား"

"တခြားအဖွဲ့က ရဲမေတွေကလဲ မင်းနဲ့အတူတူ ဓာတ်ပုံရိုက်ချင်လို့တဲ့ "

"ခေါင်းဆောင်က မင်းရဲ့အောင်မြင်မှုအတွက် ပါတီလုပ်ပေးမယ်တဲ့"

"..."

လူအများအပြား Xia Yao နားတွင် ဝိုင်းဝိုင်းလည်နေကြသည်။ Xia Yao ကတော့ တိတ်ဆိတ်စွာပင် သူ့ပစ္စည်းများသိမ်းပြီးနောက် အချိုမြန်ဆုံးသော အပြုံးလေး ပြုံးပြသည်။
"ကျွန်တော်... နဲနဲ ပင်ပန်းနေလို့ပါ ကျွန်တော်အားရင် ပြောကြတာပေါ့"

ထို့နောက် ယူနီဖောင်းကို ပခုံးပေါ်တင်ကာ အားလုံး၏ မြင်ကွင်း ရှေ့မှ ခြေလှမ်းကျဲကြီးများနှင့် ထွက်ခွာသွားလေ၏။

" မင်းက သူ့ကိုကြည့်တာနဲ့ မသိဘူးလား"

" နိုင်ငံခြားသားဆီက ပထမအနမ်းကို ခိုးယူခံထားရတာ သူ့ကို ပျော်နေစေချင်တာလား"

" မင်းကလဲ သွားမစပါနဲ့.."

"ငါ တကယ်သိချင်လို့ပါ... အဲ့ဒါက သူရဲ့ ပထမဆုံး အနမ်းလား"

" သွားမေးကြည့်လိုက်လေ... မေးပြီးရင်တော့ ထွက်ပြေးပေတော့"

"..."

Xia Yao သည် ရှေးဟောင်းမြို့တော် Wang Fujing တွင် နေထိုင်သည်။ အိမ်ထဲတွင် အခန်း သုံးခန်းသာရှိ၍ အိပ်ခန်းမှာ တရားရုံးတစ်ရုံးစာရှိသည်။ အိပ်ရာကြီးမှာ အလယ်တွင် ရှိနေသည်။ ခြေသံများကြား၍ Xia မေမေက စာကြည့်ခန်းမှ ခေါင်းပြူကြည့်သည်။

" ပြန်တောင်ရောက်လာပြီလား"

Xia Yao က ဖိနပ်လဲ၍ ပြန်မေးသည်။

"မေ... သားတို့အိမ်မှာ အရက်ပြန် 84 ရာခိုင်နှုန်းပါတဲ့ ပိုးသတ်ဆေး ရှိတယ်မဟုတ်လား"

" ဘာလို့လဲ.. အင်္ကျီတွေ ဆီပေလာလို့လား"

" မဟုတ်ဘူး သားရေစိမ်ချိုးချင်လို့"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now