Chapter 70- အကျင့်ပုတ်ကြီး

8.1K 1.1K 40
                                    

Zawgyi

မကြာခင်တွင် Wang Zhi Shui က ဖြောင့်ချက်ပေး၍ ကျန်းမာရေး စစ်ဆေးမှုခံကာ ရဲကားနှင့် အချုပ်ခန်းဆီသို့ ခေါ်သွားခြင်း ခံရလေ၏။

အချုပ်ခန်းဆီသို့ လိုက်ပို့သော ရဲများမှာ Xia Yai အပါအဝင် လေးယောက်ဖြစ်၏။ ကားထဲတွင် Wang Zhi Shui က Xia Yao အား စိုက်ကြည့်နေကာ Xia Yao တစ်ချက် တစ်ချက် ပြန်ကြည့်ချိန်တွင်ပင် Wamg Zhi Shui က အကြည့်မလွှဲပဲ သွားဖြဲပြသည်။ မသိရင် သူ့အား အချုပ်ခန်းခေါ်သွားမည့်အစား ကစားကွင်းခေါ်သွားသည်ဟုပင် ထင်ရ၏။

Wang Zhi Shui ၏ ကပ်လျက်တွင် ထိုင်နေသော Xiao Hui က ထိုအမူအရာကို ကြည့်ကာ စိတ်ရှုပ်လာ၏။

" ထောင်ထဲ သွားရမှာ ပျော်နေတဲ့သူ မင်းတစ်ယောက်ထဲကိုပဲ တွေ့ဖူးသေးတယ်.. အဲ့ဒီမှာ တွေ့ချင်တဲ့သူ ရှိလို့လား"

" မရှိပါဘူး.."
Wang Zhi Shui က ခေါင်းယမ်းကာ ပြုံးသည်။

" အပြင်မှာ မင်းကို အကြွေးရှင်တွေ လိုက်ဖမ်းနေလို့လား"

ခေါင်းယမ်းနေဆဲ...
" ဟင့်အင်း"

" အာ့ဆို ဘာလို့ ဒီလောက် ပြုံးနေတာလဲ"

" မသိဘူးလေ..."
ခေါင်းယမ်းလိုက်သည်။

"..."
Xiao Hui လက်လျှော့လိုက်လေ၏။

အမှန်လဲ Wang Zhi Shui ကိုယ်တိုင် နားမလည်ပေ။ သို့သော် Xia Yao ကို ကြည့်နေရုံဖြင့် စိတ်လှုပ်ရှားနေသည်။ Xia Yao ကတော့ သူ့အပေါ် လုံးဝ စိတ်မဝင်စား... ။ အခြားရဲများက သူ့အား စကားတစ်ခွန်း နှစ်ခွန်းလှမ်းပြောကြပေမဲ့ Xia Yao က လုံးဝ စကားမပြော။

Wang Zhi Shui က သတ္တိမွေးကာ Xia Yao ကို စကားပြောရန် ​ကြိုးစား၏။
"အရာရှိ Xiaက စကားသိပ်မပြောတဲ့ ပုံပဲနော်..."

သူ့ဘေးမှ Xiao Hui က ဟန့်သည်။
" မင်းကိုပဲ မပြောတာ"

Wang Zhi Shui က ထိုစကားကြောင့် ဘာမှ မခံစားလိုက်ရ။ ပြုံးပြုံးကြီးနှင့်သာ Xia Yao ကို စိုက်ကြည့်နေသည်။

Xia Yao က အိတ်ကပ်ထဲ ဖုန်းထည့်ကာ Wang Zhi Shui ကို စိုက်ကြည့်လိုက်သည်ယ

" မင်း ပိုက်ဆံ အလုံအလောက် ပါလား"

" ဘာပိုက်ဆံလဲ"
Wang Zhi Shui က ပြန်မေးသည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Wo Geschichten leben. Entdecke jetzt