Zawgyi
Xia Yao တစ်ယောက် ရုံးခန်းထဲ ဝင်လာတော့ ပစ္စည်းသိမ်းနေသည့် Yuan Zong ကို တွေ့လိုက်ရသည်။
" ခင်ဗျား ဒီနေ့ အိမ်ပြန်မလို့လား"
Xia Yao က မေးလိုက်သည်။Yuan Zong က ခေါင်းညိတ်၏။
" ကိုယ် အိမ်မပြန်တာ တော်တော်ကြာနေပြီ.. ပြီးတော့ Yuan Ru ကို တာဝန်ယူထားတဲ့ သက်တော်စောင့်လေးနှစ်ယောက်က ခွင့်ယူထားတယ်လေ.. အဲ့ဒါ Yuan Ru ကို စိတ်မချလို့ ဒီည အိမ်ပြန်အိပ်မှာ"Yuan Zong စကားက သဘာဝကျသည်ဟု Xia Yao တွေးမိလိုက်သည်။ ပြီးတော့ သူလဲ Yuan Ru နှင့် မတွေ့ရတာကြာသောကြောင့် အဆင်ပြေလား သိချင်သေးသည်။ ထို့ကြောင့် သူပါ လိုက်သွားရန် ဆုံးဖြတ်လိုက်၏။
အပြန်လမ်းတွင် ဈေးဝင်ဝယ်ရင်း Xia Yao က မုန်ညင်းရွက်ကို လက်ညိုးထိုးပြ၏။
" ဒါလေးနည်းနည်းလောက် ဝယ်ရအောင် Yuan Ru က ဒါကို အရမ်းကြိုက်တာ"
." ဘာလို့ ရုတ်တရက်ကြီး သူကြိုက်တာ မကြိုက်တာတွေကို ဂရုစိုက်နေတာလဲ"
Yuan Zong က စိတ်ဝင်စားသွား၏။" ကျွန်တော်တို့က မိသားစုတွေ ဖြစ်လာတော့မှာလေဗျာ..."
Xia Yao က ခပ်ချွဲချွဲလေး ပြောလိုက်သည်။Yuan Zong မှာ Xia Yao စကားကို ငြင်းဆန်ရန် အားမပှိပေ။ ချစ်စဖွယ်ပုံစံလေးနှင့် Xia Yao ချွဲလိုက်တိုင်း Yuan Zong စိတ်တို့က လွတ်လွတ်သွားသည့်အပြင် ခုန်နေသော နှလုံးသားကြီး ရင်ဘတ်အပြင်မရောက်သွားစေရန် မနည်းဖိထားရသည်။
အစ်ကိုနှစ်ယောက် အိမ်ပြန်လာချိန်တွင် Yuan Ru က TV ကြည့်ကာ မုန့်စားနေ၏။ အရင်ကဆိုလျှင် နှစ်ယောက်အတူတွဲလာတိုင်း အမြင်မကြည်သည့်ပုံနှင့် နှာခေါင်းရှုံ့နေကျ။ သို့သော် ထူးထူးဆန်းဆန်းပင် အခုကျတော့ သူတို့ကို အပြုံးနှင့် ဆီးကြို၏။
" ကိုကို ပြန်လာပြီလား"
" ယောင်းမလေး ပြန်လာပြီလား"
ထိုစကားကြောင့် Xia Yao မှာ ဖိနပ်ချွတ်နေရင်း ဖိနပ်နှင့် ကောက်ပေါက်မိမလို ဖြစ်သွား၏။
Yuan Zong ကတော့ မျက်နှာအမူအရာလေးသာ ပြောင်း၍ မီးဖိုခန်းထဲ ဝင်သွားသည်။ Xia Yao က Yuan Ru နားသွားကာ တိုးတိုးလေးသတိပေး၏။
" ပုံမှန်လို ဆက်ဆံလေ"
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...