Chpater 129- ဆွံ့အမိလေသော

5K 783 44
                                    

Zawgyi

သင်တန်းချိန်ပြီးသည့်နောက် သင်တန်းသားများအားလုံး အဖွဲ့လိုက် ကန်တင်းသွားကာ ထမင်းစားကြ၏။

Tian Yan Qi ကတော့ ကန်တင်း၏ အပြင်ဘက်ပြတင်းပေါက်မှ မရမက တက်၍ နေ့တိုင်းစားနေကျ အရာတစ်ခုကိုသာ တောင်းသည်။ ဆန်ပြုတ်အကြီးတစ်ပန်းကန်နှင့် ပေါက်ဆီနှစ်လုံး.... ။ ထို့နောက် ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ စားပွဲဆီသို့ လမ်းလျှောက်နေရင်းနှင့်ပင် လက်ထဲမှ ဆန်ပြုတ်ကို မော့သောက်လာ၏။ ထိုင်နေကျ နောက်ဆုံးထမင်းစားပွဲသို့ရောက်သောအခါ ဆန်ပြုတ်ပန်းကန်မှာ ကုန်လုနီးနီးပင်။ စားပွဲပေါ်တွင် ဆန်ပြုတ်ပန်းကန်ကို ပစ်ချကာ ပြန်လျှောက်လာခဲ့၏။ အသားမပါသော ပေါက်စီပူပူကို အဆောင်မှ ထည့်ယူလာသော ချဉ်ဖတ်နှင့် ပဲငံပြာရည်တို့အား ရောကာ လမ်းလျှောက်ရင်းနှင့်ပင် စားသည်။ နောက်ဆုံးအလုတ် မြိုချပြီးချိန်တွင် လေ့ကျင့်ရေးခန်းမသို့ ပြန်ရောက်လာခဲ့သ​ည်။

Yuan Zong အပြင်ထွက်ကာ ဈေးဝယ်နေတုန်း Tian Yan Qi က သူ့ရုံးခန်းထဲ ဝင်လာခဲ့၏။ အခန်းက အိုက်စပ်စပ်ရှိသည်ဟု ထင်၍ air con ဖွင့်လိုက်သည်။ သို့သော် air con က ကောင်းကောင်းအလုပ်မလုပ်ပဲ အသံအကျယ်ကြီး မြည်လာ၏။

ချက်ချင်းပင် Tian Yan Qi က သူ့ပစ္စည်းများ ထည့်ထားသည့် သေတ္တာကို ဆွဲကာ air con ကို တစ်ဆင့်ချင်း စစ်ဆေးသည်။ မူမမှန်တာ ဘာမှမတွေ့ရ။ ထို့ကြောင့် ပြတင်းပေါက်ဖွင့်ကာ အပြင်မှ လေဝင်လေထွက်စနစ်ကို စစ်ဆေးတော့မှ ထိုနေရာတစ်ခုခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

Tian Yan Qi က ပြတင်းပေါက်ဘက်သို့ ပြန်ခုန်ချကာ လိုအပ်သည့် စက်ပြင်ပစ္စည်းများကို ခါးတွင် ချည်လိုက်သည်။ လေးထပ်လောက် အမြင့်ကို ဘာမှမမှုသည့်အလား ပြတင်းပေါက်အပြင်သို့ ခုန်သွားကာ အေးအေးဆေးဆေး ပြင်နေသည်။

Xia Yao ကားရောက်ရောက်ချင်း ပထမဆုံးမြင်ရသည်က Yuan Zong ရုံးခန်း၏ ပြတင်းပေါက်တွင် တွဲလောင်းခိုနေသည့် Tian Yan Qi ကိုပင်။

" သူ ဘာလုပ်နေတာလဲ"
Xia Yao က သူ့နားဖြတ်သွားသော မိန်းကလေးတစ်ယောက်ကို မေးလိုက်၏။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now