Chapter 30- ရွှေကဲ့သို့ အဖိုးတန်လှသော စကားလုံးများ

7.3K 1K 62
                                    

Zawgyi

အာရုံ မတက်တတက်အချိန်တွင် ဆံပင်ဖားလျားနှင့် ညဝတ်အင်္ကျီ ဖရိုဖရဲ ဝတ်ကာ အိပ်ခန်းထဲမှ ထွက်၍ Yuan Ru တစ်ယောက် လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာသည်။

သင်တန်းသားများမှာ Yuan Ru ဝတ်ပုံစားပုံကို ကြည့်၍ တီတိုးပြောနေကြသည်။ ဘရာမဝတ်သည့်အတွက် ညဝတ်အင်္ကျီအောက်မှ D size ပေါက်စီများက 'မြင်သူတိုင်း ကြည့်စေ' ဟူသော ပုံစံဖြင့် တုန်တုန် တုန်တုန် ဖြစ်နေ၏။ ( ကန်တော့ပါနော် မိုက်ရိုင်းတယ်)

တစ်ခါတစ်ရံ အညောင်းပြေ လက်ဆန့်လိုက်သောအခါ ထိုအရာနှစ်ခုက အပေါ်တက် အောက်ဆင်းနှင့် ပါးလွှာလှသော ညဝတ်အင်္ကျီအောက် ကပြနေကြသည်။ သို့သော် Yuan Ru ကတော့ ဘာမှ မဖြစ်သလို သင်တန်းသားများကြား မနက်ခင်း လမ်းလျှောက်ခြင်းကို စတင်နေသည်။

"Zheng Dezi... ရှင့်ကို မနေ့က နေ့စဉ်သုံး pad ဝယ်ခိုင်းတယ်မဟုတ်ဘူးလား.. ဘာလို့ ရိုးရိုး pad ကြီး ဝယ်လာပေးတာလဲ.."
Yuan Ru က သူ့အစေခံဟု ခေါ်သော ကောင်လေးတစ်ယောက်ကို ဒေါသတကြီး မေးနေသည်။

ကောင်လေးမျက်နှာက ဘာပြန်ပြောရမှန်း မသိသည့်ပုံနှင့်။
" အဲ့ဒါတွေက ဘာများ ကွာလို့လဲ"

" အဓိပ္ပါယ်မရှိတာ... နေ့စဉ်သုံး pad က မလာခင်နဲ့ လာပြီး သုံးတာလေ... တခြားဟာက လာနေရင်း သုံးရတာ..."

" မလာပဲနဲ့ ဘာလို့ pad ခံတာလဲ.. အထဲမှာ ကြပ်ကြပ်ကြီး ဖြစ်မနေဘူးလား"

" နင့်ကို အရင်သတ်မယ်"

Yuan Ru က ဒေါသထွက်ကာ လိုက်မည်ကြံချိန် လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရ၍ တုံ့ခနဲ ရပ်သွား၏။

" သူ..သူ.. သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ"
Yuan Ru က ကိုယ်ရံတော်သင်တန်းသားများနှင့် အတူ လေ့ကျင့်နေသော Xia Yao ကို လက်ညိုးထိုး၍ မေးလိုက်သည်။

" မနေ့တည်းက အသစ် ရောက်တာ... သူ့ကို သိလို့လား"

"သူက Xia Yao လေ..."

ထိုသို့ ပြောပြီး Yuan Ru က သရဲမြင်လိုက်ရသလို ဆံပင်စုတ်ဖွားကို လက်နှင့်ကုတ်ကာ အံကြိတ်၍ သူမ၏ ဆိုးရွားလှသော အင်္ကျီများကို နောင်တရစွာ ကြည့်သည်။ Xia Yao နှင့် အဖွဲ့သားမျယး.သူ့ဘက်လှည့်မလာခင် ရင်ဘတ်မှ ပေါက်စီနှစ်လုံးကို အုပ်၍ ပြေးလေ၏။
( နည်းတောင် နည်းသေးတယ်)

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Wo Geschichten leben. Entdecke jetzt