Chapter 50- စောင်တစ်ထည်အောက်မှ ညစ်ပတ်ပတ် အတွေး

8.4K 1.1K 34
                                    

Zawgyi

သူတို့ဝင်လိုက်သော ဟိုတယ်တစ်ခုမှာမှ အခန်းလွတ် မရှိကြ။ သို့သော် တစ်နေရာတွင်တော့ နေရာလွတ် ရလိုက်ကြသည်။ သို့သော် တစ်ခန်းထဲ..။ အခန်းက တစ်ခန်းထဲ ဖြစ်ရုံမက အိပ်ရာကလဲ တစ်ယောက်အိပ်စာပဲ ရှိသဖြင့် အားကောင်းမောင်းသန် ယောက်ျားနှစ်ဦးအား အိပ်ရာတစ်ခုထဲတွင် အတင်းအကြပ် အိပ်ခိုင်းသကဲ့သို့ပင်။

Xia Yao က မန်နေဂျာအား မယူတော့ရန် ပြောဖို့ ပြင်လိုက်သည်။

" ခနလေးပါ ကောင်လေးရယ်... ဒီလောက် မိုးတွေရွာနေတာ တခြားနေရာတွေလဲ နေရာတွေ ပြည့်ကျပ်နေမှာပါ... ဒီဟိုတယ်ကမှ အိပ်ရာတစ်နေရာစာ ရှိသေးတယ်... ကောင်းကောင်း မကောင်းကောင်း ဒီနေရာကမှ ဧည့်သည်အတွက် သေချာလုပ်ပေးထားတာလေ... ပြီးတော့ ဒီလောက်မိုးရွာနေတာ တခြားနေရာမှာ တကယ် မရနိုင်ပါဘူး အဲ့ဒီတော့ မင်းတို့ မယူရင် တခြားသူ ချက်ချင်း ဦးသွားလိမ့်မယ်. '

မန်နေဂျာ ပြောပြီးသည်မှာ မကြာသေး။ မိုးရေများ ရွှဲနစ်နေသော အတွဲတစ်တွဲက အိပ်ခန်းလာမေးကြသည်။

မန်နေဂျာက ထိုအတွဲအား စကားအနည်းငယ် ပြောပြီးနောက် Xia Yao တို့ဘက် ပြန်လှည့်လာသည်။
"ကောင်လေး အခန်းကို ယူမှာလား မယူတော့ဘူးလား... မယူရင်တော့ သူတို့ကို ပေးလိုက်တော့မှာနော်... သူတို့က ချစ်သူတွေတောင် မဟုတ်ပဲနဲ့ ဒီအခန်းကို ယူမှာတဲ့.. ခင်ဗျားတို့လို ယောက်ျားအချင်းချင်းတွေတောင် မဟုတ်ဘူးး.. "

ထိုသို့ဖြင့် Yuan Zong က အေးစက်စွာပင် အခန်းခကို ပေးချေလိုက်သည်။

Xia Yao မှာ တစ်စုံတစ်ခုအား တင်းကြပ်စွာ မြိုသိပ်ထားရဟန်ဖြင့် အခန်းဘက်သို့ လျှောက်လာသည်။

အခန်းမှာ အပြင်ပန်း သိပ်မလှပေမဲ့ အတွင်းပိုင်းကတော့ နွေးနွေးထွေးထွေးနှင့် အဆင်ပြေသည်။ အခန်းထဲ ရောက်ပြီူ မကြာမီပင် Xia Yao က ရေချိုးခန်းထဲဝင်၍ ရေနွေးနွေးထြင့် အားရပါးရ ရေချိုးလို​က်သည်။

မိုးရေထဲ သုံးလေးနာရီခန့် ဆိုင်ကယ်စီးရခြင်းကြောင့် နွေးထွေးသော ရေက သူ့အတွက် နိဗ္ဗာန်ကဲ့သို့ပင်။ စိတ်လက်ပေါ့ပါးစွာ ရေချိုးနေတုန်း ရေချိုးခန်းတံခါး ပွင့်လာကာ အလွန်ကြီးမားလှသော ခန္ဓာကိုယ်တစ်ခု ပေါ်လာကာ သူ့နောက်မှ ရေနွေးငွေ့ကြားထဲ လာရပ်သည်။ Xia Yao ၏ ပန်းသွေးရောင် အသားအရည်သည် ခရမ်းရောင်ဘက်သို့ ပြောင်းသွားသည်။ Xia Yao က ကတုန်ကယင်ဖြင့် တဘက်ကို ဆွဲကာ ခါးတွင် ပတ်လိုက်သည်။ ထိုသို့သော အလျင်က သာမန်အချိန်မျိုးတွင် ဘယ်လိုမှ မဖြစ်နိုင်အောင် မြန်ဆန်လွန်းနေ၏။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now