Zawgyi
နောက်တစ်နေ့ မနက်ရောက်တော့ Wang Shaung က အသုံးမဝင်သော ဖိုင်များယူလာ၍ မိတ်ကပ်လှလှပြင်ကာ Yuan Zong တို့ ကုမ္ပဏီသို့ လာခဲ့၏။
ထိုအချိန်တွင် သင်တန်းသားများ အားလုံးအပြင်ရောက်နေကြ၍ လေးလံသော ပစ္စည်းများ သယ်ယူခြင်းကို လေ့ကျင့်နေကြသည်။ လေများ ပြင်းထန်စွာ တိုက်ခတ်နေစဉ်၊ သဲမုန်တိုင်း နှင်းမုန်တိုင်းများ တိုက်ခိုက်စဉ် ပြောင်းရွှေ့ခြင်းတို့ကို လေ့ကျင့်နေခြင်းကြောင့် မျက်လုံးပင် မဖွင့်နိုင်ကြပေ။ တစ်ဖက်တွင် Wang Shuang မှာ စကတ်ပါးပါးလေးနှင့် ကုတ်အပါးတစ်ထည်သာ ဝတ်လာသောကြောင့် သနားစဖွယ် ချမ်းနေလေ၏။
Yuan Zong အမိန့်ပေးသည်နှင့် သင်တန်းသားများအားလုံး စတင် လေ့ကျင့်တော့သည်။
လေ့ကျင့်မှု ပြီးဆုံးသောအခါ ကျောင်းသူများ အထဲပြေးဝင်ကာ မီးလင်းဖိုနားတွင် လက်လေးများကာရင်း အချမ်းဖြေနေကြ၏။
" အဲ့တစ်ယောက်က ဘာလာလုပ်တာလဲ... ဒီလိုရာသီဥတုမျိုးမှာ..."
" မထူးဆန်းပါဘူး.. ငါသာ အဲ့လို လှလှလေး ဝတ်ရမယ်ဆိုရင် ဒီလို မိုးထဲ ရေထဲ ပြေးလွှားနေရလဲ မဆန်းပါဘူး.."
" အမှန်အတိုင်း ပြောရရင် ငါ ဒီတစ်ယောက်ကို သိပ်သဘောမကျဘူး... ပထမတုန်းကတော့ အဆင်ပြေသလိုပဲ ဒါပေမြ ကြည့်လေ အမြင်ကတ်လာလေပဲ"
" ဟေ့..ဟေ့... လာနေပြီ...ဟိုမှာ..."
သူတို့အားလုံး တံခါးဝကို လှမ်းကြည့်လိုက်၏။
Wang Shaung က ခိုက်ခိုက်တုန်နေကာ Yuan Zong နားသို့ သွား၍ အသံကျယ်ကျယ် ညည်းတွား၏။
" အေးလိုက်တာနော်..."လေအေးနေ၍လား Yuan Zong ကိုယ်တိုင်ပဲ ဂရုမထားသောကြောင့်လားမသိ Yuan Zong မကြားလိုက်ပေ။ သင်တန်းသားတစ်ယောက် သဲအိတ်ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသဖြင့် Yuan Zong က အော်လိုက်၏။
" ဘယ်တွေ လျှောက်ကြည့်နေတာလဲ"
သူ့အော်သံကြောင့် Wang Shuang မှာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွား၏။
ထိုအချိန်တွင် Shi Tianbiao က Wang Shuang နား ကပ်လာကာ စစ်တပ်ဂျက်ကတ်တစ်ထည်ကို ခြုံပေး၏။ သူမလှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် အဆီတဝင်းဝင်း မျက်နှာကြီးကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အော်ဆဲလိုက်မိ၏။ သို့သော် သူမကိုယ်သူမ ယဉ်ကျေးသည်ဟု ခံယူထားလေရာ ကျေးဇူးတင်စကားဆို၏။
KAMU SEDANG MEMBACA
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Aksiချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...