Chapter 43- ကြာမြစ်ချိုစပ်

6.6K 1K 23
                                    

Zawgy

နောက်တစ်နေ့သည် သြဂုတ်လ ၁၅ရက်နေ့ ဖြစ်၏။ သင်တန်းသားများအား လမုန့်များ ပေးလေ့ရှိသော အချိန်ဖြစ်၍ ဒီနှစ်လဲ လမုန့် တစ်ယောက်တစ်ခု လက်ခံရကြသည်။ လမုန့်ယူပြီးကြသည်နှင့် Xia Yao ဘက်သို့ တစ်ချက်လှည့်ကြည့်ကြသည်။ အမြဲတမ်း မျက်နှာသာပေးခံရသော ယောက်ဖလေးက သူတို့ထက် ဘယ်လိုထူးခြားသော လမုန့်မျိုးရမလဲဟူသော စိတ်ဖြင့် ချောင်းကြည့်ကြသည်။

ပြဿနာကို မီးခွက်ထွန်း၍ ရှာချင်သော သင်တန်းသား အချို့က Xia Yao ၏ လမုန့်ဘူးကို ဆွဲယူကာ ဖွင့်ကြည့်၍ တခြားသူများနှင့် ဘာမှ မထူးခြားသည်ကို တွေ့ရ၍ စိတ်ပျက်သွားကြသည်။

ထိုအကောင်စုတ်လေး မသိလိုက်သည်မှာ Xia Yao ၏ လမုန့်တွေက အရသာမည်မျှ ထူးကဲနေမည်ကိုပင်။

Xia Yao က ပစ္စည်းများကို သိမ်း၍ သူ သိမ်းထားသော ကြာမြစ်ထုတ်ကို လိုက်ရှာသော်လဲ မတွေ့ရတော့ပေ။ စိတ်ပျက်ပျက်နှင့် လိုက်ရှာသော်လဲ ဘယ်နေရာမှ မတွေ့လိုက်။ သို့သော် Yuan Zong တစ်ယောက် အပူခံသော ထမင်းဘူးထည့်သည့် အိတ်ကိုင်၍ မီးဖိုခန်းမှ ထွက်လာသည်ကို သတိထားမိလိုက်သည်။ အထဲတွင်တော့ အရသာရှိလှသော ကြာမြစ်ချိုစပ် ချက်ထားသည်ကို တွေ့လိုက်ရ၏။ အနံ့စူးစူးက ခပ်လှမ်းလှမ်းမှပင် သွားရည်ကျစရာပင်။

" အန်တီ့ကို မြည်းကြည့်ပါလို့..."
Yuan Zong က ပြောလိုက်သည်။

" ဘာလို့ စားဖိုမှူးကို ကျွန်တော့်အတွက် လုပ်ခိုင်းလိုက်တာလဲ... ကျွန်တော်က ချိုချိုချဉ်ချဉ် ကြာမြစ်သုပ်ပဲ ကြိုက်တဲ့ဟာကို"

အိမ်ပြန်ရန် ထွက်လာသော စားဖိုမှူးက ကြားသွားပြီး ဝင်ပြောသည်။
" ဒီဟင်းက ကျွန်တော်ချက်တာ မဟုတ်ဘူး... ဒါရိုက်တာ Yuan ကိုယ်တိုင် ချက်ခိုင်းထားတာ... ကျွန်တော် ဒီမှာ အလုပ်လုပ်တာ တစ်နှစ်ကျော်ပြီ ဒါရိုက်တာYuan မီးဖိုထဲဝင်တာ ပထမဆုံးမြင်ဖူးတာပဲ.. စေတနာနဲ့ ချက်ထားတာ မငြင်းသင့်ဘူး ကောင်လေးရဲ့"

Xia Yao က Yuan Zong အား သံသယအပြည့် မျက်ဝန်းများနှင့် စိုက်ကြည့်သည်။ ဒီလို မောက်မာတဲ့ ဦးလေးကြီးက ဟင်းချက်တတ်တယ်လား... သူချက်တဲ့ ဟင်းစားရရင်တော့ တစ်ဖက်ကမ္ဘာကို တစ်ခါထဲ ရောက်သွားမှာပဲ...

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now