Zawgyi
ညမှောင်လာသည်နှင့် camp ပွဲမှ သီချင်းသံများ ဆူညံသွာ ထွက်ပေါ်လာသည်။ Yuan Zong ကုမ္ပဏီမြေကွက်လပ်တွင် ကနေသော သူများမှာ ရပ်မည့်အရိပ်အယောင် မရှိ။
မတ်တပ်ဟာသပြောပွဲတစ်ခုပြီးသည့်နောက် Tian Yan Qi မှာ လေချွန်ကာ လက်ခုပ်တီးလိုက်သည်။ တစ်စုံတစ်ယောက်က ပခုံးလာပုတ်၍ လှည့်ကြည့်လိုက်တော့ သူနှင့်အခန်းဖော် သူငယ်ချင်း။
" မင်း ဒီနေ့ အခန်းမပြန်ဘူးမလား"
သူ့အခန်းဖော်က မေးလိုက်သည်။Tian Yan Qi ၏ ချောမောနေသော မျက်နှာမှာ လင်းထင်းနေ၏။
" အေး မပြန်သေးဘူး.. ဒီညတော့ ဒီနားက ရွက်ဖျင်တဲအလွတ်လေးတစ်ခုထဲမှာပဲ အိပ်လိုက်မယ်... လေလေးတဖြူးဖြူးနဲ့မို့လို့"" ခြင်ကိုက်မှာမကြောက်ဘူးလား"
သူ့အခန်းဖော်က မေးလိုက်သည်။Tian Yan Qi က အင်္ကျီလက်ရှည်ကို ခေါက်တင်ကာ ပြောင်ရှင်းနေသော လက်မောင်းသားများအား ပြသည်။
" ငါ့သွေးက ခါးတော့ ခြင်တွေကို မစွဲဆောင်နိုင်ဘူး... ငါ့ဘေးနားမှာ လူတစ်ယောက်သာ လာအိပ်ရင် ဘယ်ခြင်မှ ငါ့ကိုမကိုက်ဘူး"" သေစမ်းပါကွာ"
သူ့အခန်းဖော်က ဆဲသည်။
" ဘယ်လိုကံဆိုးတဲ့သူကများ မင်းနဲ့ အတူထိုင်ချင်မှာလဲ.. အဲ့ဒါကြောင့် ဒီနားမှာ ငါခနပဲ ထိုင်ရသေးတယ် ခြင်သုံးကောင်လောက် အကိုက်ခံရပြီးပြီ..."Tian Yan Qi က ဘာမှပြန်မပြောပဲ ထန်းလက်ယပ်တောင်လေး ထုတ်ကာ ယပ်ခတ်နေသည်။
သူ့အခန်းဖော်က ဆက်ပြောသည်။
" ဒါနဲ့ မင်းကို အနုပညာရှင်တစ်ယောက်က စိတ်ဝင်စားနေတယ်တဲ့.. မင်းကို သူသက်တော်စောင့်အဖြစ်ငှားဖို့ ဒေါ်လာတစ်သန်းလောက် သုံးမလို့တဲ့... ကောင်းလိုက်တာကွာ... အောင်မြင်သွားရင် ငါတို့ကို မမေ့နဲ့နော်"Tian Yan Qi ကတော့ ဘာမှမကြားလိုက်သလို စင်ပေါ်မှ ဖျော်ဖြေမှုကိုသာ လက်ခုပ်တီး အားပေးနေသည်။
သူ့အခန်းဖော်ကတော့ လက်လျှော့ချင်ပုံမရ။
" မင်း အဲ့စာချုပ်မှာလက်မှတ်ထိုးပြီးပြီလား"Tian Yan Qi က ဖျော်ဖြေပွဲထဲ စိတ်နှစ်ထားပုံရကာ ပြန်မဖြေ။
သူ့အခန်းဖော်ဘေးနားမှ လူတစ်ယောက်က ထိုသူအား အတင်းဆွဲလိုက်သည်။
" မင်း ရူးနေလား.. ဒီလိုစကားမျိုး ဒါရိုက်တာ Yuan ရှေ့မှာသွားပြောကြည့်စမ်း.. Tian Yan Qi က ငါတို့ကုမ္ပဏီရဲပ လာဘ်ကောင်လေးကွ.. သူအခု ထွက်သွားရင် Yuan Zong ရင်ကွဲနာကျရင်း သေလိမ့်မယ်"
BINABASA MO ANG
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...