Zawgyi
အိမ်အပြန်လမ်းတွင် Xia Yao က စတိုးဆိုင်များ ကုန်တိုက်များထဲ ဝင်သည်။ Yuan Zong ၏ အဝတ်အစား အကြိုက်ကို သေချာသိသော Xia Yao က Yuan Zong ဆိုသော လူကြီး တစ်သက်လုံး ထိုတစ်စုံထဲ ဝတ်တော့မည်ကို သိနေသောကြောင့် စတိုင်ပြောင်းပေးရန် ကြံစည်နေ၏။ သို့သော် လက်ရှိတွင် ငွေကြေးအခက်အခဲ ဖြစ်နေသောကြောင့် ဒီလအတွက် စားဖို့ပင် အနိုင်နိုင် ဖြစ်နေရသဖြင့် အဝတ်အစားတွင် ပိုက်ဆံအများကြီးသုံးရန် အခက်တွေ့နေရှာ၏။
" သူ့ကို ကောင်းကောင်းဆက်ဆံ... သူ့ကို ကောင်းကောင်းဆက်ဆံ... "
Xuan Da Yu ၏ စကားသံက Xia Yao ၏ နားထဲတွင် ဘုန်းကြီး တရားစာ ရွတ်နေသကဲ့သို့ ထပ်ခါထပ်ခါ ကြားယောင်လာ၏။
Xia Yao တစ်ယောက် အံ့ကြိတ်ကာ စတိုးဆိုင်၏ တံခါးကို လက်နှင့် ခပ်ရဲရဲ တွန်းဖွင့်လိုက်သည်။
စတိုးဆိုင်ထဲ ဝင်ကာ ဟိုဟိုသည်သည် ပတ်ကြည့်မှပင် ခါးသီးသော အမှန်တရားက Xia Yao ကို ရိုက်ခတ်လာ၏။ အရမ်းဈေးကြီးသော ပစ္စည်းများကိုလဲ မတတ်နိုင် ဈေးသက်သာသော ပစ္စည်းများကိုလဲ မကြည့်ချင်ပေ။ အချိန်အကြာကြီး စိတ်သောကရောက်ပြီးမှ Yuan Zong ၏ ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် ကွက်တိလိုက်ဖက်သော ဂျက်ကတ်တစ်ခုကို တွေ့လိုက်ရသည်။ သူကိုင်ထားသော ဂျက်ကတ်ကို ဝတ်ထားသော ထိုလူကြီးအား စိတ်ထဲမှာ မြင်ယောင်ကြည့်၏။ ရိုင်ဖယ်တစ်လက်ထမ်းကာ ဆိုင်ကယ်စီးရင်း ထိုအင်္ကျီကို ဝတ်ထားသော လူကြီး၏ ပုံရိပ်ကြောင့် သူ ချွေးများ ပြန်လာလေ၏။
" ဒါ ဘယ်လောက်လဲဗျ..."
"၃၆၉၉ပါ ဒစ်စကောင့်နဲ့..."
" ဒီလောက်တောင်လား"
Xia Yao က ချီတုံချတုံ ဖြစ်သွား၏။သူ လခထုတ်ထားသည်မှာ သိပ်မကြာသေးသော်လဲ Wang Zhi Shui ဆီမှ အနှိုက်ခံလိုက်ရသည်က သုံးထောင်ကျော်ဖြစ်သောကြောင့် လခတစ်ဝက်ပင် ကျော်သွားလေရာ ပိုက်ဆံအိတ်ထဲတွင် ကျန်ခဲ့သည်က လေးထောင်နီးပါသာ... ထို့ကြောင့် ဒီဂျက်ကတ်ကို ဝယ်လိုက်ပါက သူ့တစ်လစာအတွက် သုံးရာနီးပါးသာ ကျန်တော့သည်။
နာရီကို တစ်ချက်ကြည့်တော့ အလုပ်တက်ရန် နာရီဝက်သာ လိုသေးသည့်အတွက် အချိန်ထပ်ဆွဲပါက နောက်ကျတော့မည်ဖြစ်သည့်အတွက် အံကြိတ်၍ ခြေလှမ်းကျဲများနှင့် ကောင်တာဆီသို့ လှမ်းခဲ့လေ၏။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...