Chapter 89- လှည့်စား၍ ထွက်သွားသူ

7K 1K 42
                                    

Zawgyi

ပိတ်ရက်ရောက်လာသောအခါ Xia Yao က လစာနှင့်အတူ နှစ်ကုန် ဘောနပ်စ်ပါ ရသည်။ ခင်ဗျားတို့ ထင်တဲ့အတိုင်းပါပဲ..Xia Yao သည် လစာရသည်နှင့် စူပါမားကတ်သို့ ပြေးကာ မုန့်မျိုးစုံ ဝယ်၏။ သည်တစ်ခါတော့ Xia Yao က မုန့်အိတ်များ၏ အနောက်တွင် ရေးထားသော ပါဝင်သော အာဟာရ အချက်အလက်များကို သေချာဖတ်ကာ အာဟာရ မရှိဟု ထင်သော မုန့်များကို လျစ်လျှူရှုကာ အရသာရှိ၍ ကျန်းမာသော မုန့်တို့ကိုသာ လျှော့ဈေးဖြင့် ဝယ်၏။

ပထမတော့ Xia Yao က Yuan Zong အိမ်ပြန်လမ်းတွင် စားရန် မုန့်ထည့်ပေးလိုက်ချင်သည်။ သို့သော် ရက်အနည်းငယ် လိုသေးသည့်အတွက် သူ့ရုံးခန်းတွင် ခဏထားရန် ဆုံးဖြတ်လိုက်၏။ တစ်ရက်တွင် သူအလုပ်ပြီး၍ ခဏနားသည့်အချိန် ဗိုက်ထဲတွင် ဘာမှ မရှိသောကြောင့် တစ်စုံတစ်ခု ဝါးချင်လာသည်။ မုန့်ထားသော နေရာကိုလဲ သိသည်ဖြစ်ရာ မျက်လုံးက ထိုနေရာကိုသာ ရောက်နေ၏။ တစ်ထုပ်လောက် စားလဲ ဘာမှ လျော့မသွားပါဘူးဟု စိတ်ကို ဒုံးဒုံးချရင်း မုန့်ထုပ်ကို ဆွဲလိုက်သည်။ ထို့နောက် တစ်ထုပ်ကို ဖောက်၍ အရသာခံစားရင်း ပြုံးနေသည်။

ထိုညက Xia Yao ရုံးတွင် အချိန်ပိုဆင်းရ၍ ဗိုက်ဆာလာသည်။ အပြင်ထွက်ဝယ်ရလျှင် တန်းစီရမည်ကို ပျင်း၍ အပြင်လဲ မထွက်ချင်။

ဆိုတော့ကာ....

နောက်တစ်ခါ လက်ဖောင်းဖောင်းလေးများက မုန့်ထုပ်ထားသော နေရာကို ရောက်သွားပြန်၏။ ဗိုက်မပြည့်မချင်း သုံးထုပ်လောက် ဖောက်စားလိုက်၏။ စိတ်ထဲမှလဲ Yuan Zong လို လူမျိုးက ဒီလောက် မုန့်အများကြီး မလိုပါဘူးဟု တွေးနေ၏။ ငါစားပေးလိုက်ရင် သူ သယ်သွားစရာ မလိုတော့ဘူး ဟု ရေရွတ်သည်။

နောက်တစ်နေ့တွင် ​ပါးစပ်ထဲ ဝါးရန် တစ်ခုခု လိုလာသည်။ စိတ်ထဲမှ တောင့်တနေ၍ သိပ်မစဉ်းစားတော့ပဲ မုန့်ထုပ်ထဲမှ နှစ်ခုလောက် ဆွဲယူလိုက်သည်။ သို့သော် မသိလိုက်ပဲ ခြောက်ထုပ်လောက် ကုန်သွားမှ ရပ်လိုက်မိသည်။ မနက်စာ မစားရသေး၍ ခြောက်ထုပ်ကုန်သွားသည်ကိုပင် မကျေနပ်နိုင်သေး။ နေ့လည်မရောက်ခင် နေ့လည်စာ အပြင်ထွက်မစားပဲ အသီးခြောက်ထုပ်လေးနှင့် ပဲစေ့များကို စားမိပြန်သည်။ သို့သော် ညနေစာ မစားခင်အချိန်အထိ ပါးစပ်မှာ တလှုပ်လှုပ်နှင့် ဝါးနေသည်မှာ အဆက်မပြတ်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now