Zawgyi
နောက်တစ်နေ့ နေ့လည်ရောက်တော့ Xia Yao က သူ့အလုပ်နားတွင်ရှိသော အလှကုန်ပစ္စည်းဆိုင်တစ်ခုထဲတွင် Xuan Da Yu အတွက် အသားအရေထိန်းသိမ်းသည့် ပစ္စည်းတစ်ချို့ကိုဝယ်၍ အကြောင်းရင်းမရှိ စိတ်ကောက်နေသော သခင်လေးကို ချော့ရန် ကြံစည်နေသည်။
သို့သော် သူ ပိုက်ဆံရှင်းနေစဉ်တွင် ရုတ်တရက် Zhang Tian က ဖုန်းခေါ်လာသည်။
" Xia Yao. ..မကောင်းတော့ဘူး... ဟို မင်းနဲ့ အတူတူ လျှောက်သွားနေကြတဲ့ ကိုယ်ရံတော်အဖွဲ့ရှိတယ်မဟုတ်လား... သူတို့ကို ရဲဌာနတစ်ခုထဲ ဆွဲခေါ်သွားကြတယ်တဲ့...အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်...သူနဲ့ စကားပြောနေရင်း သိတာ... မင်းကို လျှို့ဝှက်ထားသင့်တယ်လို့ မထင်လို့ ငါ မြန်မြန်ခေါ်လိုက်.."
Xia Yao မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားကာ ပစ္စည်းများ ကောက်ဆွဲ၍ ပြေးထွက်လာခဲ့၏။
" ဘယ်လိုက ဘယ်လို ဖြစ်တာလဲ"
Xia Yao က Zhang Tian ကို မေးလိုက်သည်။Zhang Tian က ကွန်ပျူတာကို ထိုးပြသည်။
" မင်းဟာမင်း ကြည့်တော့ အကုန်ဒီမှာ ရှိတယ်"Xia Yao က ခပ်မြန်မြန် ဝင်ထိုင်ကာ ကွန်ပျူတာတွင် ပေါ်နေသော စာများကို ကြည့်၏။ ဖတ်လေလေ သူ့မျက်နှာ သုန်မှုန်လာလေလေပင်။ သတင်းထဲတွင် ရေးထားသည်မှာ Yuan Zong ၏ ကုမ္ပဏီမှ လေ့ကျင့်ပေးလိုက်သော သက်တော်စောင့်တစ်ယောက်က တရားမဝင် အကြွေးများ လိုက်သိမ်း၍ လုပ်ငန်းရှင်များထံမှ အမြတ်များ ရယူပေးနေကြောင်းကို ပြောထားခြင်းဖြစ်၏။ ထို့အပြင် ထိုလူက အကြွေးတောင်းရန်အတွက် ဖောက်ခွဲပစ္စည်းများကိုပင်သုံး၍ ပြည်သူအမြောက်အမြားကို ထိခိုက်ဒဏ်ရာရစေကြောင်း သတင်းရထားသည်။
" မဖြစ်နိုင်တာ..."
သူ့စိတ်ထဲတွင် ကုမ္ပဏီအကြောင်းကို တခြားသူများထက် ပိုသိသူဖြစ်သည်။ ကုမ္ပဏီကို စဝင်သည့် ရက်မှစ၍ သင်တန်းသားများအားလုံးကို အမြဲသွန်သင်သည့် ကိစ္စတစ်ခုရှိ၏။ တရားမဝင်အလုပ်များ လက်မခံမိစေရန်။ လုပ်ငန်းရှင်များ ဘယ်လောက်ပေးပေး လက်မှတ်မထိုးမိစေရန်.. အမြဲတမ်း အာရုံစိုက်၍ သတိပေးသည်။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...