Zawgyi
ထိုနေ့သည် တိမ်ထူထပ်သော သောကြာနေ့တစ်နေ့။
အရင်တစ်ရက်က တာဝန်ချိန် အပြင်ထွက်ရင်း Xia Yao တစ်ယောက် အအေးမိကာ ဖျား၍ အန်နေသည်။ ထို့ကြောင့် ထိုနေ့အတွက် ခွင့်တင်လိုက်၏။ Yuan Zong ၏ ဂရုတစိုက်ပြုစုမှုကြောင့်သာ တော်တော့သည်။ တစ်ညလုံး အန်နေရ၍ ညည်းညူပြီးနောက် မနက်လင်းခါနီးမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရှာ၏။
Xia Yao အိပ်ပျော်နေချိန်တွင် Yuan Zong က ဂရုတစိုက်ဖြင့် Xia Yao မျက်လုံးထောင့်လေးနားထဲသို့ ဆေးထည့်ပေးသည်။ အိပ်မောကျနေသည့်တိုင် ယားတတ်သောကြောင့် Xia Yao လေးက သူ့ကိုလာထိသော လက်ကို လက်မောင်းဖြင့် အတင်းတွန်းလွှတ်ပစ်သည်။
" မလှုပ်နဲ့"
Yuan Zong က Xia Yao လက်မောင်းကို ဖိထားသည်။ဒေါသတကြီးဖြင့် Xia Yao က ပွစိပွစိရေရွတ်သည်။
" ဘာလုပ်နေတာလဲဗျာ"" မင်း မျက်လုံးကို ဆေးလူပေးနေတာလေ... နှစ်ရက်လောက်နေရင် ပျောက်လောက်ပြီ"
Yuan Zong က ပြန်ဖြေသည်။" နောက်မှ လုပ်လို့မရဘူးလား"
Xia Yao က ဟိုဘက်လှည့်အိပ်ရန် ပြင်သည်။Yuan Zong က Xia Yao ကိုယ်ပေါ် ရုတ်တရက် တက်လိုက်ပြီး မျက်လုံးထောင့်နားမှ ဒဏ်ရာကို ဂရုတစိုက် ဆေးလိမ်းသည်။
" ခဏနေရင် ကိုယ်အလုပ်သွားရတော့မှာ... အဲ့အချိန် မင်းကို ဘယ်သူဆေးလာလူးပေးနိုင်မှာလဲ"
Yuan Zong အလုပ်သွားတော့မည်ဆိုတော့ Xia Yao က မျက်လုံးဖွင့်ကာ ချက်ချင်းထထိုင်သည်။ သူ့ရှေ့တွင်ရှိသော Yuan Zong က အရင်နေ့တွေနှင့်မတူ နူးညံ့နေ၏။
" ကျွန်တော့်မျက်လုံးထဲ ဘာမြင်နေရလဲ သိလား"
Xia Yao က သန်းဝေရင်း မေးလိုက်သည်။ဆေးထည့်ပေးပြီးသည်နှင့် Yuan Zong က ဂွမ်းစလေးနှင့် ဆေးပြန့်အောင် ထိတို့လိုက်သည်။
" ဘာမြင်နေရလဲ"
Yuan Zong က မေးသည်။Xia Yao က တိုးညင်းညင်းရယ်ရင်း Yuan Zong မေးစေ့အား သူ့မျက်နှာနားဆွဲယူလိုက်သည်။
" ခင်ဗျားအရမ်းဆွဲဆောင်မှုရှိနေတာကိုလေ"Yuan Zong က Xia Yao လက်ကို ခပ်ဖွဖွတွန်း၍ Xia Yao ကိုယ်ပေါ်ဖိထားရင်း ချိုချိုသာသာလေသံနှင့် ဆိုသည်။
" ကိုယ့်ကို မြှူဆွယ်ရဲတယ်ပေါ့..ဒီမှာ စာသင်စရာရှိသေးတာကို"
ŞİMDİ OKUDUĞUN
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Aksiyonချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...