Chapter 101- တရားမဝင်သော ပုံရိပ်ကို ဖမ်းမိခြင်း

9.3K 1K 52
                                    

Zawgyi

Xia Yao က မောဟိုက်စွာ အသက်ရှူနေသော Yuan Zong ၏ ရင်ဘတ်ပေါ် ခေါင်းမှီရင်း မျက်လုံးမပွင့်တပွင့်နှင့် အပြင်ကိုကြည့်ကာ တိုးတိုးလေးပြော၏။
" အပြင်မှာ ​မှောင်တောင် ​မှောင်နေပြီ"

ထိုစကားကိုကြားရသော်လဲ Yuan Zong က ဘာမှပြန်မပြော။ Xia Yao ကို ချိုင်းကြားမှ မချီကာ နှာခေါင်းချင်း ထိလိုက်သည်။ တိကျပြတ်သားသော မျက်ဝန်းနက်နက်တို့က Xia Yao ကို မက်မောစွာ ငေးကြည့်နေရင်း ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ နီရဲလာ၏။ မျက်ဝန်းထဲတွင် ဒေါသ စိုးရိမ်စိတ်နှင့် ချစ်ခြင်းတရားတို့ ရောပြွမ်းနေ၏။ တိတ်ဆိတ်နေရင်းနှင့်ပင် ခန္ဓာကိုယ်အောက်ပိုင်းရှိ လက်နက်မှာ ကျည်မကုန်သေးသည့်အလား တဖန်နိုးကြွလာ၏။

Xia Yao ၏ နှုတ်ခမ်းထောင့်လေးမှာ ကွေးတက်လာကာ Yuan Zong ၏ နှုတ်ခမ်းကို မထိမထိ မွှေးမွှေးပေးလိုက်သည်။
.

Yuan Zong ၏ ပြင်းထန်သော နည်းလမ်းကို သုံးမည့်အခါတိုင်း Xia Yao က ထိုနည်းလမ်းကို သုံးကာ ရုန်းထွက်၍ တစ်ဖက်လူအား ချုပ်ကိုင်တတ်၏။ သူ့ဆံပင်တစ်ချောင်းကို ထိပါက ခင်ဗျားရဲ့ နှလုံးသား နှစ်ကြိမ်ထိခိုက်စေရမည်ဟူသော စကားကဲ့သို့ပင်။ ထိုသို့သော ခံစားချက်က တစ်ကိုယ်လုံးကို ပုရွက်ဆိတ်ပေါင်း အကောင်တစ်သောင်းလောက် တစ်ပြိုင်ထဲ တက်နေသလို ခံစားနေရ၏။

အမှန်တော့ ချောဆီမပါပဲ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ သေချာပြင်ဆင်ထားခြင်းမရှိပဲ ထိုအရာကြီးက ပြီးဆုံးရန်ခက်ခဲသည်ကို Yuan Zong နားလည်၏။ သို့သော် သူ့စိတ်ကို သည်လောက် လွှတ်ပေးထားခဲ့ပြီးမှ တစ်ခါလောက်တော့ လူရိုင်းကဲ့သို့ တွေဝေမှုမရှိပဲ လုပ်ပစ်ချင်သည်။ Xia Yao ဆီမှ နူးညံ့ကြင်နာမှုကိုရသည့်အခါ Yuan Zong က ဆန္ဒမထိန်းနိုင်ရင် အသေသာခံမည် Xia Yao ကို လုံးဝစိတ်ဒဏ်ရာ မဖြစ်စေရပေ။

သူ လုံးဝဆက်မလုပ်... လုံးဝ ဆက်လုပ်၍ မရတော့ပေ။

Xia Yao က Yuan Zong ၏ နားရွက်လေးများကို လျှာဖြင့် တို့ထိကစားကာ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ရယ်ပြနေသည်။

Yuan Zong က Xia Yao ကို တစ်ချက်ကြည့်ကာ ရိုးရိုးသားသား ပြော၏။
" ကိုယ် မင်းကို အသေ လုပ်ပစ်ချင်တာ"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Onde histórias criam vida. Descubra agora