Chapter 36- လခွမ်းလိုပဲ နာလိုက်တာ

6.9K 976 18
                                    

Zawgyi

" ကိုကိုရေ ညီမလေး ပဲနို့ ဝယ်လာတယ် ထွက်လာပြီး စားလိုက်ဦး"

Yuan Zong သန့်စင်ခန်းထဲမှ ထွက်လာတော့ Yuan Ru က နားရွက်ကို ကြည့်၍ မေးလိုက်သည်။
" ကိုကို့နားရွက်က ဘာလို့ တစ်ဖက်ကြီး တစ်ဖက်သေး  ဖြစ်နေတာလဲ"

" အကြည့်မှားတာ ဖြစ်မှာပါ"

Yuan Zong က အီကြာကွေးတစ်ခြမ်းကို ဆွဲဖြဲ၍ တစ်ကိုက် ကိုက်လိုက်သည်။

Yuan Ru ကတော့ Yuan Zong နားကို ကပ်လာကာ Xia Yao ၏ ဝါးစားမှုကြောင့် အပိုင်းပိုင်း ဖြစ်နေသော သွားရာများနှင့် နားရွက်ကို သေချာကြည့်နေသည်။ ပိုဆိုးသည်က နားရွက် အဖျားတိုင်းတွင် ရှရာများမှာ မြင်မကောင်းပေ။

Yuan Ru က မျက်နှာရှုံ့မဲ့၍ နှုတ်ခမ်းကိုက်လိုက်သည်။
" ကိုကို့ နားရွက်ကြီးက ဘာဖြစ်ထားတာလဲ"

" ကင်းမြီးကောက် အကိုက်ခံရတာ"

" ဘယ်လောက်ကြီးတဲ့ ကင်းမြီးကောက်မိုလို့ ဒီလောက် ဆိုးရွားရတာလဲ"

Yuan Zong က စိတ်ထဲမှ ပြောလိုက်၏။
မင်းထက်တောင် ကြီးသေးတယ်

Yuan Ru က မနက်စာကို ခပ်သွက်သွက်စား၍ ဆေးသွားယူကာ Yuan Zong ၏ နားရွက်ကို ဆေးလူးပေး၍ Xia Yao အကြောင်း မေးနေသည်။
" Xia Yao က ဘာလို့ ကိုကို့သင်တန်းကို လာတက်တာလဲ"

Yuan Zong က မျက်ခုံးကျုံ့ကာ အကြည့်လွှဲလိုက်သည်။
" မသိဘူး"

" သူများတွေဆီက ညီမလေး ကြားမိတာတော့ ညီမလေးကို သူဖြတ်ခဲ့တာ နောင်တရလို့ လာတာတဲ့... ညီမလေးဆီက ခွင့်လွှတ်မှုကို လိုချင်လို့ ဆိုပဲ... အကြောင်းအရာတွေက သိပ်မကောင်းပါဘူး... ဒါပေမဲ့ သူ့အတွက်လဲ ဒုတိယအခွင့်အရေးလေးတော့ ပေးသင့်တယ်လေ... အဲ့ဒါက သေနိုင်တဲ့ ရောဂါကြီးမှ မဟုတ်တာကို... တိုင်းရင်းဆေးနဲ့ ကုလို့ ရလောက်ပါတယ်"

Yuan Zong ကတော့ Xia Yao ၏ မုန်လာဥ ဖြူဖြူလေးမှ မီးသတ်ပိုက်ကဲ့သို့ လွှတ်အား ကောင်းသည်ကို သိလိုက်ရသဖြင့် ညီမလေးအား သနားစဖွယ် ကြည့်လိုက်သည်။

........

ပိတ်ရက်တိုင်းတွင် Yuan Zong က အလုပ်ထဲ စောစီးစွာ ဝင်၍ ပစ္စည်း ကိရိယာများကို တစ်ခုချင်း စစ်သည်။ သူ့ မုန်လာဥလေး လေ့ကျင့်ရင်း ထိခိုက်စေနိုင်မည့် ပစ္စည်းများ အကုန် လွှင့်ပစ်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora