Zawgyi
Xia Yao က သူ့ရှေ့ရှိ လူအုပ်ကြီးကို တွန်း၍ Xuan Da Yu ထိခိုက်မိမည်စိုးသောကြောင့် အတင်း ပြေးထွက်သွားသည်။ တိုက်ခိုက်မှု ကျွမ်းကျင်လှသော ကိုယ်ရံတော်များနှင့် ပြဿနာတက်လျှင် ထိခိုက်မည့်သူမှာ Xuan Da Yu ပင် ဖြစ်လေ၏။ Xuan Da Yu ရှေ့ ရောက်သောအခါ သူ့အား အနောက်မှ ပြေးဖက်၍ ခေါင်းကို ဖိချုပ်ထားကာ လေသံကျယ်ကျယ်ဖြင့် နားနားကပ်၍ အော်လိုက်သည်။
" မင်း ရူးသွားပြီလား"ထိုအော်လိုက်သော အသံသည် စိတ်လွတ်နေသော Xuan Da Yu အား သတိပေးသကဲ့သို့ ဘေးနားတွင် ဝိုင်းသော လူများကိုလဲ နှင်ထုတ်ရာ ရောက်သည်။ ဒါ ငါ့လူ.. သူ ဘာအမှားလုပ်လုပ် သူ့ကို ထိစရာမလိုဘူးဟူသည့် သဘောလဲ ဆောင်သည်။
" ဘယ်သူက ရူးနေတာလဲ"
Xuan Da Yu က သွေးရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် Xia Yao ကို စိုက်ကြည့်သည်။
" မင်းကို အဲ့လိုကန်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ... အဲ့ကောင်က သူ့ကိုယ်သူ ဘာများ ထင်နေတာလဲ... မင်းရဲ့ ဖင်က သူ ကန်ချင်တိုင်း ကန်လို့ရတဲ့ သဲအိတ်များ မှတ်နေလား"Xia Yao က ပြန်အော်သည်။
" အဲ့ဒါ လေ့ကျင့်နေတာလေ..."" လေ့ကျင့်နေရင် ကြိုက်တဲ့သူ ဖင်ကို ကြိုက်သလို.ကန်လို့ ရတယ်တဲ့လား.. ငါက ကန်းနေတာ မဟုတ်ဘူးကွ... မင်းရှေ့မျာ ပိတ်နေတဲ့ ကောင်စုတ်ရဲ့ အမှားဆိုတာ သိသာနေတာကို မင်းက အပြစ်ပေးခံရတာလား"
Xuan Da Yu က Xia Yao ကို ကန်သည့် ကြီးကြပ်သူအား လက်ညိုးငေါက်ငေါက် ထိုး၍ အော်နေသည်။
"ခင်ဗျားကိုယ် ခင်ဗျား ကာချုပ်များ ထင်နေတာလား.. ရိုက်ချင်တဲ့ သူပဲ ရိုက်တယ်.. ဒီကို လာလေ့ကျင့်တာတောင် ကျေးဇူးတင်ရမှာကို ဘဝင်လေဟပ်နေတာ..."ထို နိုင်ငံခြားသား ကြီးကြပ်သူမှာ တရုတ်စာ ကျွမ်းကျင်သူ ဖြစ်လေရာ Xuan Da Yu က သူ့အား ဆဲဆိုနေသည်ကို တွေ့ရသဖြင့် လုံးဝ သည်းမခံနိုင်တော့ပေ။ လက်သီးကို ဆုတ်၍ Xuan Da Yu အား အပီတွယ်တော့မည်ဟု ပြင်နေဆဲ Yuan Zong က ဝင်တားသည်။
" တော်လောက်ပြီကွာ...ရပြီ..."
Xia Yao က Xuan Da Yu ၏ ရင်ဘတ်အား ခပ်ကြမ်းကြမ်း ထိုးလိုက်သည်။Xuan Da Yu က အသက်ပြင်းပြင်း ရှူကာ Xia Yao ဆီမှ အကြည့်လွှဲ၍ ကြီးကြပ်သူနှင့် Yuan Zong ဘက်သို့ ကြည့်သည်။
KAMU SEDANG MEMBACA
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Aksiချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...