Chapter 78- ရေနွေးအိတ်

7K 1K 23
                                    

Zawgyi

Yuan Zong ရောက်လာချိန်တွင် Yuan Ru က တံခါးအပြင်ဘက်၌ သင်တန်းသားအချို့နှင့် ရယ်မောပျော်ရွှင်စွာ စကားပြောနေ၏။

သို့သော် Yuan Zong ကို မြင်မြင်ချင်း ကျောင်းသားအချို့၏ မျက်နှာမှာ အေးစက်သွားလေ၏။ Yuan Ru အား သတိပေးသံနှင့် လက်တို့သည်။ ထိုအခါကျမှ Yuan Ru ၏ တစာစာဖြစ်နေသော အသံ ရုတ်တရက် ရပ်သွားပြီး Yuan Zong ကို လှည့်ကြည့်လိုက်၏။

Yuan Zong ၏ အေးစက်စက်အကြည့်က သူတို့အားလုံးကို လွှမ်းခြုံထားလေ၏။

" ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"

လျော့ရဲရဲ ထိုင်နေသော သင်တန်းသားများနှင့် နံရံကို မှီနေသော သင်တန်းသားများအားလုံး တောင့်မတ်ကာ ရပ်နေကြ၏။ သူတို့အားလုံး Yuan Zong ကိုသာ ကြောက်လန့်စွာ ကြည့်နေကြသည်။

အချိန်ကိုက်ပင် အခန်းထဲမှ အော်ဟစ်ဆဲဆိုသံ ထွက်ပေါ်လာ၏။

အခန်း၏ အသံကာနိုင်သော နံရံနှင့် စိတ်လှုပ်ရှားနေကြသော ကျောင်းသားများကြောင့် ဘယ်သူမှ ထိုအသံကို မကြားရ။.သို့သော် Yuan Zong ကတော့ အသံရှင်က Xia Yao မှန်း တပ်အပ်သိ၏။

Yuan Zong က ကမူးရှူးထိုးပင် အခန်းတံခါးဆီသို့ ပြေးသွား၏။ Yuan Ru သူ့ကို အခန်းသော့ မပေးခင် တံခါးကို အားဖြင့် ဆောင့်ကန်၍ ဖွင့်သည်။ တံခါးမှ နံရံမှ ကွာထွက်၍ ပြန်ကန်လာကာ အပိုင်းပိုင်းပြတ်ပြီး စုတ်ပြတ်သွား၏။ ထိုအရာကို မြင်တော့ သူတို့အားလုံး တုနိလှုပ်သွားကြ၏။

အတွင်းဘက်တွင် ဖြစ်နေသော ပုံစံကို မြင်သည်နှင့် Yuan Zong တစ်ယောက် နဖူးကြောများ ထောင်လာသည်အထိ ဒေါသထွက်လာ၏။

Xia Yao ကို ချုပ်ထားသော ကိုယ်ရံတော်များ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့စိတ်များ ပြေးလွှားနေပြီး လက်များ တုန်ကာ အသံမထွက်နိုင်ကြ။

ရလဒ်မှာ... ထို ကိုယ်ရံတော် လေးယောက်လုံး Yuan Zong ၏ သံမဏိကန်ချက်နှင့် မိတ်ဆက်လိုက်ရလေရာ လေဖြတ်သည်ထက်ပင် အခြေအနေ ဆိုးသွားရှာသည်။ လေးယောက်သား မလှုပ်မယှက် မြေပြင်ပေါ် လဲနေပြီး နာကျင်နေသည်ကိုတောင် အသံတစ်ချက်မှ မထွက်ရဲကြပေ။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin