Chapter 11- ငှက်ကလေး ဝမ်းနည်းနေသည်

7.4K 1.1K 48
                                    

Zawgyi

Yuan Zong ထံသို့ Yuan Ru သွားလည်ချိန်တွင် Yuan Zong မှာ လေ့ကျင့်ရေးကွင်းထဲတွင် သင်တန်းသားများအား ကိုယ်တိုင် လေ့ကျင့်ပေးနေ၏။

လွန်ခဲ့သည့် လမှစကာ သင်တန်းသားအသစ်များကို ခေါ်ယူခဲ့သည်။ တစ်လကြာ အပြင်းအထန် လေ့ကျင့်ပြီးနောက် သုံးပုံတစ်ပုံသာ ဆက်လက် နေနိုင်၍ ကျန်သူများ ထွက်ကုန်ကြသည်။

ခြောက်ကီလိုမီတာအကွာအဝေးကို တာယာတွန်း၍ သွားရသည့် လေ့ကျင့်ခန်းသည် လေးလံလှသော တာယာကြီးအား လူခြောက်ယောက်၏ ပခုံးပေါ်တင်၍ ပြေးရခြင်း ဖြစ်သည်။ ထိုလူခြောက်ယောက်မှာ ပခုံးအနိမ့်အမြင့်လဲ မတူသည်ဖြစ်ရာအရှေ့ရောက်ရန် အလွန်ခက်ခဲပေ၏။ သာမန်လူများအဖို့ စိတ်ပင် မကူးရဲစရာပေ။

သုံးခေါက်မြောက် တွန်းအပြီးတွင် သင်တန်းသားတစ်ယောက် နောက်ကျ ကျန်ခဲ့သည်

Yuan Zong ၏ ဘေးတွင် ရပ်နေသော ဒုကြီးကြပ်ရေးမှူးက ထိုသင်တန်းသားအား ခြေတစ်ဖက်ဖြင့် လှမ်းကန်သည်။ ချွန်ထက်နေသော ဖိနပ်ခွာမှာ သင်တန်းသား၏ ဒူးကို တိုက်ရိုက်ထိသဖြင့် ဒူးတွင် အရေပြားလန်သွား၏။ သင်တန်းသားမှာ နာကျင်လွန်း၍ မြေပြင်ပေါ် လဲကျကာ အော်ဟစ်ညည်းတွားနေသည်။

" ပြန်ထစမ်း"
ဒုကြီးကြပ်ရေးမှူးက လှမ်းအော်သည်။

မေ့လဲကျမတတ် ပင်ပန်းနေချိန် နာကျင်မှုပါ ထပ်ပေါင်းလိုက်သောအခါ သင်တန်းသားမှာ အမိန့်မနာခံနိုင်တော့ပေ။

ဒုကြီးကြပ်ရေးမှူးမှာ နောက်တစ်ချက် ထပ်ကန်လိုက်ပြန်ရာ ဖိနပ်ခွာကြောင့် သင်တန်းသားမှာ အော်ဟစ်ငိုယိုနေလေ၏။

ဤကဲ့သို့သော အခြေအနေသည် သည်လိုနေရာမျိုးတွင် ပုံမှန်ဖြစ်၏။ ကြီးကြပ်သူများမှာ မျက်နှာ မလွှဲထားကြပေ။

Yuan Zong က သင်တန်းသားရှေ့သွားကာ နူးညံ့စွာ ပြောသည်။
" ပြန်ထ"

ပုံမှန်လေသံဖြင့် နှစ်လုံးသာ ပြောသော စကားတစ်ခွန်းသည် နားထင်နှစ်ဖက်လုံးတွင် သေနတ်နှင့် တေ့ထားသကဲ့သို့ အေးစက်ကာ ကြောက်လန့်ဖွယ် ကောင်းသောကြောင့် ကျောရိုးအလယ်မှ စိမ့်၍ အေးလာသည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora