Chapter 29- ခိုးကြည့်တာ လူမိသွားသောအခါ

7.1K 1K 30
                                    

Zawgyi

Xia Yao က ရုံးခန်းများသို့ သွား၍ လက်ဗွေနှိပ်ခြင်း စာချုပ်ချုပ်ခြင်း စည်းကမ်းချက်များ ဖတ်ခြင်းတို့ လုပ်ရသည့်အတွက် အာခြောက်ကာ ရေအတော်များများ သောက်မိသည်။ ထို့ကြောင့် သန့်စင်ခန်းသို့ ခဏခဏ သွားကာ သေးပေါက်ရ၏။ Xia Xia Yao လေး ဘောင်းဘီထဲမှ ထွက်ချိန်တွင် တရှူးရှူး အသံထွက်လာသည်။

ပုံမှန်လုပ်နေကျပေမဲ့ ယောက်ျားတစ်ယောက်၏ အတွေ့အကြုံနှင့် မာနကို ထိခိုက်စေနိုင်သည့် ဖြစ်ရပ်ပင်။ ထိုအခါမျိုးတွင် လူပျိုစစ်စစ်တွေမှသာ ကိစ္စ​​ဖြေရှင်းရာတွင် ကြွေခွက်ထဲ တန်းမတ်စွာ ရောက်သည်။ ။ ဆန့်ကျင်ဘက်ဖြစ်သော ယောက်ျားစစ်စစ်( အတွေ့အကြုံရှိသော ယောက်ျားများ) သည် သန့်စင်ခန်းထဲ အေးအေးဆေးဆေး ဝင်ကာ နေရာကို ရွေး၍ ထိုပစ္စည်းကို ဘောင်းဘီဂွကြားမှ ခက်ခက်ခဲခဲ ထုတ်ရပြီး ကမ္ဘာ့အရေး ဆွေးနွေးနေသကဲ့သို့ ငြိမ်သက်စွာ ကိုင်ထားကာ ပေါက်လိုက်သည့်တိုင် ကြွေခွက်ထဲ တိုက်ရိုက်မရောက်ပဲ ဖိနပ်အဖျားများ စိုတတ်၏။ ဤကား အတွေ့အကြုံရှိသော ယောက်ျားများ။

( ဒီဝတ္ထုကို ရေးတဲ့ ဆရာမ Chai Jidan က ယောက်ျားလေး အိမ်သာထဲ အလည်ရောက်ဖူးတယ်နဲ့ တူပါတယ်😁)

Xia Yao လဲ ထိုနည်းတူစွာပင် Xia Xia Yao အား အပြင်သို့ လွှတ်လိုက်သည်နှင့် မီးသတ်ပိုက်ကဲ့သို့ တရှူးရှူးအသံမြည်ကာ ဘေးဘက်သို့ စင်ထွက်ကုန်သည်အထိ။ လုံးဝ ရေမရော သေးသည့် လူပျိုစစ်စစ်ပင်။
( မတွေးဘူးနော်... မြင်ယောင်မနေဘူး🤤🤤)

တစ်ချက်ရှိသေးသည်က လူပျိုရေမရောများသည် သေးပေါက်ချိန် လူအနားမှာ ရှိလျှင် သူများဟာကို ခိုးကြည့်၍ ယှဉ်ကြည့်တတ်ကြသည်။ Xia Yao က ထိပ်ဆုံးကပင်။ သန့်စင်ခန်းဝင်၍ သေးပေါက်သည့်အခါတိုင်း ဘေးနားမှ လူကို ချောင်းကာ သူနှင့် ယှဉ်ယှဉ်ရခြင်းက သူ့အလုပ်တစ်ခု။ လူကသာ သေးပေါက်ခြင်းတွင် အာရုံစိုက်နေသည် ထင်ရပေမဲ့ မျက်လုံးက အငြိမ်မနေပေ။

Xia Yao သည် သူငယ်ချင်းများထက် စော၍ လူပျိုဖော်ဝင်ခဲ့သည်။ အလယ်တန်းကျောင်းသားဘဝ Xia Yao အသက်၁၀နှစ်ခန့်တွင် သူငယ်ချင်းများက သေးပေါက်တိုင်း မုန်လာဥဖြူဟု သူ့အား ခေါ်ကြပြီး Xia Yao ကလဲ သူတို့ဘက် သေးလှည့်ပေါက်ရန် ဝန်မလေးပေ။ ဆယ်နှစ်ကြာသောအခါ သူ့သူငယ်ချင်းများ၏ မုန်လာဥဖြူဖြူများက မည်းနည်းလုံးဝန်းလာသော်လဲ သူကတော့ အရင်ကကဲ့သို့ ဖြူဖြူနုနု အရည်ရွှမ်းတုန်းပင် ရှိသေးသည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Opowieści tętniące życiem. Odkryj je teraz