Chapter 103- သက်တော်စောင့်ရှိခြင်း၏ ကောင်းကျိုးများ

6.9K 969 77
                                    

Zawgyi.

Xuan Da Yu က နားလည်ရခက်သော Wang Zhi Shui ၏ အပြုအမူများကြောင့် ကြောင်နေ၏။ သို့သော် ချက်ချင်း ထအော်သည်။
" ထွက်သွား... မင်းတစ်သက်လုံး နေချင်တဲ့သူနဲ့ နေ..  ငါ့မှာ မင်းအတွက် အချိန်မရှိဘူး"

Wang Zhi Shui က ဒဏ်ရာရသွားသော မျက်နှာနှင့် မော့ကြည့်သည်။
" ခင်ဗျား ဘယ်လိုတောင် ပြောရက်တာလဲ... ခင်ဗျားနဲ့ အတူအချိန်ကုန်ဖို့ ပြပွဲကတောင် ထွက်ခဲ့ရတာ... ပြီးတော့ ခင်ဗျားသိလား ဒီနေ့ ကျွန်တော်အလုပ်လုပ်ရင် လစာက နှစ်ဆတောင် ရမှာ.. ခင်ဗျားကို အဖော်လုပ်ပေးဖို့ အဲ့ဒါတွေ စွန့်လွှတ်ထားခဲ့တာ သိရဲ့လား"

Xuan Da Yu က စူပုပ်နေသော မျက်နှာဖြင့် ကြည့်သည်။
" မင်းကို ငါက အလုပ်အတင်းမလုပ်ခိုင်းတာလား"

" မဟုတ်ပါဘူး"
Wang Zhi Shui က လက်ထဲမှ အထုပ်ကို ရမ်းပြသည်။
" ဒီမှာကြည့်... ကျွန်တော် ထန်းယွမ်စွပ်ပြုတ်တောင် ဝယ်လာတဲ့ဟာကို.. လွှင့်ပစ်ရင် နှမြောစရာကြီး... ပြီးတော့ နှစ်သစ်ကူးရက်ကြီးမှာ ဘယ်တွေ လျှောက်သွားမလို့လဲ..လာ အထဲဝင်ခဲ့..."

( ထန်းယွမ်စွပ်ပြုတ်ဆိုတာက တရုတ်နှစ်သစ်ကူးတွေမှာ စားတဲ့ စွပ်ပြုတ်ပါ... မုန့်လုံးရေပေါ်လိုပဲ ကောက်ညှင်းဆန်နဲ့ အလုံးလေးတွေ လုပ်ထားတာ ဒါပေမဲ့ သူတို့က အရည်ကိုပါ သောက်လို့ရတယ်)

ထိုသို့ပြောရင်းနှင့် Wang Zhi Shui က အနားကပ်လာသော Xuan Da Yu ၏ လက်မောင်းကို ရုတ်တရက် ​ဖမ်းဆွဲလိုက်သည်။ Xuan Da Yu က အတင်းဖြုတ်ပေမဲ့ Wang Zhi Shui ကတော့ မရမကပင် အိမ်ထဲသို့ ဆွဲခေါ်သွားလေ၏။ ထမင်းစားပွဲပေါ် မျက်နှာမသာမယာနှင့် ဝင်ထိုင်ကည အမိန့်ပေးလိုက်သည်။

" သွား... ထန်းယွမ်စွပ်ပြုတ်ကို သွားချက်"

Wang Zhi Shui က ပျော်ရွှင်စွာ ပြန်ဖြေ၏။
" Okay!"

မီးဖိုခန်းထဲရောက်တော့ Wang Zhi Shui က ခပ်သွက်သွက်ပင် ရေနွေးတစ်အိုးတည်လိုက်၏။ ရေနွေးဆူရန် အချိန်လိုသေးသည့်အတွက် ထမင်းစားခန်းသို့ ပြန်ဝင်လာသည်။ ထိုအချိန်တွင် Xuan Da Yu က တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေပေမဲ့ တစ်ဖက်လူက မကိုင်။

Wang Zhi Shui က အေးဆေးစွာ မေးသည်။
" စောစောတုန်းက ခင်ဗျား ဘာတွေ အလျင်လိုနေတာလဲ"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now