Chapter 25- မိုးရေထဲမှ lovey dovey

7.8K 1K 41
                                    

Zawgyi

ဆယ်စက္ကန့်အကြာတွင် တရားခံမှာ အားအင်များ ကုန်ခမ်း၍ သတိလစ်သွားသည်။

ထိုအခါမှ Xia Yao လဲ စိတ်အေးသွားပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။

Yuan Zong က ထိုလူပြန်ထလာမည်စိုး၍ လုံခြုံစေရန် မြေပြင်ပေါ် အားနှင့် ဖိထားသည်။ တရားခံ၏ တစ်ကိုယ်လုံးကို ရှာကြည့်ကာ စာရွက်ညှပ်သည့် ကလစ်နှစ်ခုကိုပင် ကောက်သိမ်းလိုက်သည်။

" ကျွန်တော့်ကို လွှတ်ပေးလို့ ရပြီလား..အခု!!"
Xia Yao က ပြတင်းပေါက်မှန်ကို ထုကာ ပွစိပွစိ ရေရွတ်နေသည်။

သို့သော် Yuan Zong က သူ့အား လျစ်လျှူရှုထား၏။ တရားခံအား ကြမ်းတမ်းစွာ ဆွဲခေါ်ကာ ကားထဲမှ အသင့်ပါလာသော ကြိုးဖြင့် တုပ်နှောင်၍ ကားနောက်ဖုံးထဲ ဆောင့်ထည့်လိုက်သည်။ အားလုံးပြီးမှသာ Yuan Zong က Xia Yao ရှိရာ အိပ်ခန်းမှ ပြတင်းပေါက်သို့ ပြန်ရောက်လာလေသည်။

Xia Yao သည် ရေစက်များ တဖွဲဖွဲစင်၍ ဝေဝါးနေသော မှန်တံခါးမှ အရပ်ရှည်ရှည် ဗလတောင့်တောင့် လူကြီးတစ်ယောက် မိုးရေထဲ ပြေးလွှားနေသည်ကိုသာ တွေ့ရသည်။

ရုတ်တရက် ပြတင်းတံခါးပွင့်လာ၍ Xia Yao က မေးလိုက် သည်။
" ဟို လူရော..."

" ကြိုးနဲ့ ချည်ထားပြီးပြီ.. မနက်ဖြန် ရဲစခန်းသွားပို့လိုက်မယ်"
ထို့နောက် Yuan Zong က လက်ထဲမှ ပစ္စတို သေနတ်နှင့် စာရွက်ညှပ် ကလစ်ကို ပစ်ချလိုက်သည်။

Xia Yao က မကျေမနပ် လှမ်းယူကာ Yuan Zong အား ဒေါသဖြင့် စိုက်ကြည့်၏။

" ဘာလို့ ပြတင်းပေါက်ကို အသေပိတ်သွားရတာလဲ..ဟမ်??.. ခင်ဗျားကိုယ် ခင်ဗျား ဘာထင်နေလဲ ... ဆရာကြီးလား...ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး ဘဝင်မြင့်နေတာလား... လူဆိုးတွေ တစ်ယောက်ပြီး တစ်ယောက်ကို ထိုးချပြီး တစ်ကိုယ်တော် စွမ်းရည်ပြတဲ့ သူရဲကောင်းလို့များ ထင်နေတာလား..ဟမ်.. ပြောလေ... မအေ... ကျွန်တော်က ဒီမှာ ​သောက်ရဲစစ်စစ်ပါဗျ.. ဘယ်သူက ကျွန်တော့ သောက်လုပ်ကို ဝင်ရှုပ်ခိုင်းလို့လဲ... ဟမ်... ပြောလေ..."

ဒေါသတကြီး အော်ဟစ်နေသော Xia Yao ကို Yuan Zong က အေးဆေးစွာ အဖြေပြန်ပေးသည်။
" ကိုယ်က မင်းကို မိုးရေမစိုစေချင်လို့ သက်သက်ပဲ.."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora