Chapter 208- 210

4.4K 464 38
                                    

Chapter 208 - စာတစ်စောင်

Zawgyi

Xuan Da Yu က Xia Yao ကို ဆက်မေးနေသည်။
" အော်.. ဒါနဲ့ Yuan Zong က သူ့ကုမ္ပဏီကို third wheel လေးကို ပေးလိုက်တယ်ဆို"

" တော်ပြီကွာ.. ကြားတိုင်း ရင်နာရလွန်းလို့.. ငါ့ကို လာသတိမပေးနဲ့"
Xia Yao က မှုန်တေတေနှင့် ပြန်ဖြေသည်။

Xuan Da Yu က ပြုံး၏။
" အာ.. တကယ်ပဲပေါ့.. အစကတော့ ငါ နောက်နေတယ်ထင်တာ.. အဲ့တာတောင်မှာ မင်းက သူ့ကို အမေရိကအထိ လိုက်ပြီး ဆေးသွားကုပေးသေးတယ်ပေါ့.. ငါဆို ငါ့ကိုကယ်လို့ ခြေထောက်ပြတ်သွားသွား ဂရုမစိုက်ဘူး... ကုမ္ပဏီတစ်ခုလုံး ပေးလိုက်တာပဲဟာ  နည်းနည်းပါးပါး တိုင်ပင်ရမှာပေါ့"

" တကယ်တော့ တိုင်ပင်တာက ပြဿနာမဟုတ်သေးဘူးကွ.."
Xia Yao ၏ အကြောင်းပြချက်က ပျက်ပြယ်စ ပြုလာသည်။
" တကယ်ပြောရရင် Xiao Tian အတွက်လဲ ဒီသတင်းက လက်ခံရခက်တယ်လေ"

Xuan Da Yu မှာ သူ့ရှေ့မှ ကောင်လေး၏ စိတ်ဓာတ်ကို ကြည့်ရင်း နောင်တရနေသည်။
" မင်းက အရမ်းစိတ်ပျော့တာပဲ.. ဒုက္ခတွေအကုန်ခံရရင်တောင် ပျော်နေမဲ့ပုံပဲကွာ ချီး..."

Peng Ze ကလဲ Xia Yao ကို ဝင်၍ နှစ်သိမ့်သည်။
" နှလုံးသားကို ငွေနဲ့ဝယ်လို့မရပါဘူးကွာ.. ငါ အဲ့ကောင်လေးရဲ့ မျက်နှာကို မြင်ဖူးလိုက်တယ်.. ငါ့မျက်နှာကိုတော့ အဲ့လောက်ကြီး အဖျက်စီးမခံချင်ဘူး"

Xia Yao က ခေါင်းညိတ်သည်။
" ပြီးတော့ ငါ သူ့မျက်နှာကို မခွဲစိတ်စေချင်ဘူး.. အရမ်းအန္တရာယ်များတယ်လို့ ပြောတယ်"

" အဲ့ဒါဆို Yuan Zong က ဘာဆက်လုပ်မှာတဲ့လဲ"
Peng Ze က ဝင်မေးသည်။

ထိုစကားကြောင့် Xia Yao ဒေါသထွက်သွား၏။
" သူ ဘာလုပ်မလဲ ငါ ဘယ်လိုလုပ်သိမှာလဲဟ.. ငါ အမြှုပ်ထွက်အောင် မေးတာတောင်မှ ဟယ်ရီပေါ်တာထဲက လျှို့ဝှက်အခန်းလိုပဲ သောက်ပါးစပ်က ပွင့်မလာဘူး"

" လက်နက်မှောင်ခိုရောင်းမှာတော့ မဟုတ်လောက်ပါဘူးနော်"

Xia Yao က အံကြိတ်သည်။
" တော်ပြီကွာ.. ငါ ​ဒီအတိုင်းကြီး ထိုင်မကြည့်နိုင်တော့ဘူး"

Xuan Da Yu က အတွေးတစ်ခု ဝင်လာကာ စိတ်လှုပ်ရှားသွား၏။
" ရုပ်ရှင်ထုတ်လုပ်ရေးထဲ ရင်းနှီးမြှုပ်နှံကြည့်ခိုင်းပါလား.. ငါ့လိုလေ... ရုပ်ရှင်တွေလဲ ရိုက်လို့ရတယ်..သက်တော်စောင့်လောကမှာ နာမည်ရှိပြီးသားလူပဲကွာ.. သူ နာမည်ကြီးလာမှာ သေချာတယ်.. ဘယ်လိုလဲ.. ငါ့ရဲ့ လက်ရှိ ဇာတ်ကားတစ်ကားမှာ နေရာလွတ်တစ်ခုရှိတယ်ကွ.."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now