Zawgyi
နောက်နေ့မနက်တွင် Xia Yao က သူ့အလုပ်စားပွဲဘေးရှိ သူ၏ စားပွဲကို ခေါက်၏။
" Xiao Hui မင်း အားလား"
" အားတယ်လေ ဘာလို့လဲ"
Xia Yao က ဖြေသည်။
" ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေးပါလား"" ဘယ်သူလဲ..".
"Yuan Zong... သူက..."
" မင်းပြောတာ Yuan ဘာ.. သူ့အစ်ကို မဟုတ်ဘူးလား"
Xiao Hui က Xia Yao စကားကို ဖြတ်ပြောသည်။Xia Yao နားမလည်နိုင်ဖြစ်သွားရ၏။
" မင်းက သူ့ကို သိလို့လား"" မင်းက မသိဘူးလား၊ သူ့အစ်ကိုအကြောင်း Yuan Ru မပြောဖူးဘူးလား "
အမှန်မှာ Xia Yao သည် Yuan Ru နှင့် စကားကြာကြာ မပြောဖူးပေ။ သူ့အလုပ်သို့ Yuan Ru လာလည်တိုင်း တစ်ခုခု အကြောင်းပြကာ ထွက်သွားလေးရှိသဖြင့် Yuan Ru မှာ သူ့သူငယ်ချင်းများနှင့် စကားလက်ဆုံကျကာ ကျန်ခဲ့၏။
"Yuan Zong က အထူးစစ်တပ်က တပ်သားခေါင်းဆောင်တဲ့.. နောက်ပိုင်း တပ်ကထွက်ပြီး ကိုယ်ရံတော်လေ့ကျင့်ရေး ကုမ္ပဏီ ထောင်ထားတာ အရမ်းနာမည်ကြီးတယ်ဆိုပဲ.. သူ့ဆီက ထွက်တဲ့ ကိုယ်ရံတော်တွေက သူများနဲ့ မတူပဲ အရမ်းကြံ့ခိုင်ကြတယ်တဲ့.. ကြေးကြီးလွန်းလို့ အနုပညာရှင်တွေနဲ့ နိုင်ငံရေးသမားလောက်ပဲ ငှားနိုင်ကြတာတဲ့ကွ"
ထိုနေ့က လူနှစ်ယောက် စွမ်းအားရှိသည်မှာ မထူးဆန်းတော့ပေ။ သူတို့က ကျွမ်းကျင် ကိုယ်ရံတော်များ ဖြစ်ကြသည်ကိုး.. ကိုယ်ရံတော် တစ်ဒါဇင်လောက်အား နှစ်ယောက်တည်း မျိုးဖြုတ်သွားသဖြင့် Xia Yao ချီးကျုးမိသည်။
Yuan Zong ၏ ကျွမ်းကျင်မှုကို ပြန်မြင်ယောင်တော့ Xia Yao ကျောချမ်းလာသည်။ သို့သော် ကံကောင်းသည်က ကိစ္စအားလုံးကို မနေ့က အပြတ်ရှင်းပြီးသည်လေ.. ထိုလူကို ထိုတွေ့စရာ မလိုတော့ဟု ထင်မှတ်လိုက်သည်။
..........
နေ့လည်စာ စားချိန်တွင် Yuan Ru က သူ့အစ်ကိုနားကပ်ကာ Xia Yao တော်ကြောင်းကို တဖွဖွ ချီးကျူးနေ၏။ Yuan Zong ၏ စိတ်ထဲ Xia Yao အား သဘောကျစေရန် ယောက်ဖအဖြစ် လက်ခံစေရန် ကောင်းသည့်အရာများက ကွက်၍ ပြောပြနေ၏။
VOCÊ ESTÁ LENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Açãoချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...