Zawgyi
ငါ ဘာလုပ်ရမလဲ....
Wamg Zhi Shui တစ်ယောက် တွေဝေနေသည်။
Xuan Da Yu ပုံစံက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပုံရသော်လဲ မူးနေ၍သာ ငြိမ်နေပုံရသည်။ မနက်ဖြန် နိုးလို့အမူးပြေသည့်အခါ သူ့ကို ဘယ်လိုလက်စားချေမလဲ စဉ်းစားမရတော့။
အရုဏ်မတက်ခင် တစ်ခုခုအကြံကောင်းလေးထွက်အောင် သူ စဉ်းစားရပေမည်။
အခြေအနေတစ်ခုလုံးကို ဖုံးကွယ်ဖို့ဆိုသည်ကတော့ မဖြစ်နိုင်ပေ။ Xuan Da Yu က ဒီအတိုင်းတော့ ကျော်သွားပေးမည်မဟုတ်။ အပြစ်ကို ဖုံးကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တခြားအပြစ်တစ်ခုလုပ်ရန်ပင်။
ထိုသို့အတွေးရသည်နှင့် Wang Zhi Shui က ရုပ်ရှင်ရိုက်ကွင်းတွင်သုံးသော ကျောင်းဝတ်စုံကို ဝတ်လိုက်သည်။ Xuan Da Yu အကြိုက်ဆုံး ကျောင်းဝတ်စုံအောက်တွင် Wang Zhi Shui က တကယ့်ကိုအထက်တန်းကျောင်းသားလေးတစ်ယောက်နှင့်တူနေသည်။ သရုပ်ပိုတူစေရန် စားပွဲပေါ် စာအုပ်များပင် ထပ်တင်ထားလိုက်သေးသည်။
အသေအချာပြင်ဆင်ပြီးနောက် Wang Zhi Shui က အိပ်မောကျနေသော Xuan Da Yu ပခုံးလေးကို ပုတ်လိုက်သည်။
"Da Yu. .. Da Yu. ..."
သူ့ကိုငေးကြည့်နေသော မှုန်ပျပျ အရိပ်လေးကြောင့် Xuan Da Yu နှုတ်ခမ်းပါးလေး ပြုံးယောင်သမ်းလာ၏။ တစ်စုံတစ်ယောက်ကို သတိရသွားဟန်ဖြင့် တိုးတိုးရေရွတ်သည်။
"Xiao Yao Zi? "
သူ့စကားမဆုံးလိုက်ခင် Wang Zhi Shui နှုတ်ခမ်းတို့ကြောင့် သူ့အသံတိတ်သွားခဲ့၏။ Wang Zhi Shui က Xuan Da Yu နှုတ်ခမ်းအတွင်းထိဝင်အောင် တရှိုက်မက်မက်နမ်းနေသည်။ အတွေ့အကြုံမရှိလှသော အနမ်းဖြစ်သော်လဲ တုန်ယင်နေရင်းမှ ရှေ့ဆက်တိုးသည်။ Xuan Da Yu မျက်လုံးအနည်းငယ်ဖွင့်ကာ သူ့ရှေ့မှသူအား သေချာကြည့်မိသည်။ နှုတ်ခမ်းနှစ်လွှာကြားမှ ချိုသာအေးမြသော အထိအတွေ့ရယ် စားပွဲပေါ်မှ ပြန့်ကျဲနေသောစာအုပ်ပုံရယ်က အရင်နေ့ရက်များရောက်နေကြောင်း သူ့ကို စိတ်သက်သာရာရစေ၏။
Xuan Da Yu က ထိုသူလက်မောင်းများကို တင်းတင်းကိုင်ရင်း သူ့ကိုယ်ပေါ်ရောက်အောင်ပွေ့တင်လိုက်သည့်အခါ Wang Zhi Shui တစ်ယောက် ပို၍ပင် ရဲတင်းလာသည်။ ရိုးသားအပြစ်ကင်းသော မျက်နှာဖုံးကိုခွာချကာ Xuan Da Yu အင်္ကျီများကို အလောတကြီး ချွတ်ပစ်တော့သည်။
BẠN ĐANG ĐỌC
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Hành độngချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...