Zawgyi
( ခေါင်းစဉ်က Tian Yan Qi ကို ပြောတာပါ... )
Tian Yan Qi က လွယ်ထားသော အိတ်ကို ချလိုက်ပြီး Xia Yao ကို ကျေးဇူးတင်စွာ ကြည့်သည်။
" ကျေးဇူးပါ အရာရှိXia"Xia Yao က အံ့သြသွား၏။
" ကျွန်တော် ရဲအရာရှိမှန်း ခင်ဗျား ဘယ်လိုလုပ်သိတာလဲ... တစ်ယောက်ယောက်က ပြောပြလို့လား..."" မဟုတ်ပါဘူး... ဒီကုမ္ပဏီအကြောင်း ကျွန်တော် အကြမ်းဖျင်းရှာထားတာပါ.. ဒီက သင်တန်းဆရာတွေ ဘယ်သူဆိုတာ... အသက်.. သူတို့ရဲ့ အားသာချက်တွေ အားနည်းချက်တို့.. ပြီးတော့ ဒီက သင်တန်းဆင်းသွားတဲ့ ထူးချွန်သင်တန်းသားတချို့အကြောင်းလဲ လေ့လာထားတယ်.."
အဲ့ဒါ အကြမ်းဖျင်းလား.... Xia Yao တစ်ယောက် အံ့သြသွား၏။.....mission လုပ်နေတဲ့ စပိုင်တစ်ယောက်လိုပဲ...
Tian Yan Qi က ဆက်ပြောသည်။
" အရာရှိ Xia. .. ကျွန်တော် ပိုက်ဆံ အမြန်ဆုံး ပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ်.."Xia Yao က သူ့ပခုံးကို ပုတ်၍ သဘောထားကြီးစွာ ပြောလိုက်သည်။
" အလျင်မလိုပါဘူး... physical check up သွားလုပ်လိုက်..."Tian Yan Qi က ခေါင်းညိတ်ကာ စစ်ဆေးခန်းထဲ ဝင်သွား၏။
Xia Yao က ရွေးချယ်ခံရသော သင်တန်းသားများ၏ ဖိုင်အားလုံးကို စစ်ကြည့်လိုက်သည်။ Tian Yan Qi ၏ ဖိုင်ကို စစ်ကြည့်တော့ မကြာသေးခင်ကမှ စစ်တပ်ထဲက ထွက်လာသည့်အတွက် ဘာအလုပ်မှ မလုပ်ရသေး။ ထို့ကြောင့် သူ စပိုင်ဖြစ်နိုင်ချေမှာ အလွန်နည်း၏။
ထို့အပြင် ဘယ် စပိုင်ကမှ ထိုအကြောင်းကို အော်ကြီးဟစ်ကျယ် ပြောနေမည်မဟုတ်။
ထိုသို့တွေးလိုက်သောအခါ Xia Yao စိတ်ထဲမှ စိုးရိမ်စိတ်များပျောက်သွား၏။
မကြာခင် Yuan Zong က အေးစက်စက် ခြေလှမ်းများနှင့် လေ့ကျင့်ရေးခန်းထဲ ဝင်လာသည်။ သူ့ဖန်တွေက သူ့ကိုတွေ့တွေ့ချင်း အလုအယက်ပြေးလာကာ လက်မှတ်တောင်းကြ ဓာတ်ပုံရိုက်ကြနှင့် ရှုပ်ယှက်ခတ်နေကြ၏။
Xia Yao မှာ ဒေါသထိန်းမရတော့။
.....မအေ... သက်တော်စောင့် လာရွေးတာကို သူ့ကိုယ်သူ မင်းသားများ ထင်နေလားမသိဘူး...
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...