Chapter 94- အားကိုးရသော ဇနီး

6.7K 1K 25
                                    

Zawgyi

TV တွင် ပါလာသော အစီအစဉ်ကြောင့် ထိုမျှလောက်အထိ နာမည်ကျော်သွားမည်မှန်း Xia Yao မတွေးမိခဲ့။

လွန်ခဲ့သော ရက်အနည်းငယ်က ကုမ္ပဏီ၏ hotline မှာ မေးမြန်းသူ များလှ၍ အလုပ်ပင် ပိနေသည်။ သတင်းထောက်များ ဧည့်သည်များကလဲ ကုမ္ပဏီရှေ့တွင် ခြေချင်းလိမ်နေကြ၏။ ထို့ကြောင့် ကုမ္ပဏီဝန်ထမ်းအချို့နှင့် နည်းပြများမှာ ပိတ်ရက်မကုန်ခင်ပင် ပြန်ခေါ်ထားရသည်။

ကုမ္ပဏီတစ်ခု၏ တစ်ရှိန်ထိုးအောင်မြင်မှုက ပြိုင်ဘက်ကုမ္ပဏီများကို မနာလိုဖြစ်စေသည်က အံ့သြစရာ မရှိပေ။ လူအများစုက ကုမ္ပဏီအကြောင်း စိတ်ဝင်စားလာကြသည့်အချိန်တွင် Xia Yao တို့ ကုမ္ပဏီအား အပုပ်ချရေးသားထားသည့် သတင်းများ အင်တာနက်တွင် ပျံ့နှံ့လာ၏။ ကံကောင်းသည်က အခြေအမြစ်မရှိသော ကောလဟလများမို့ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်အထိတော့ မရှိခဲ့ပေ။ သို့သော် Xia Yao ကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် ကောလဟလများလဲ ရှိနေသေးသည်။

Yuan Zong ထွက်သွားခါစလဲဖြစ် Xia Yao ကလဲ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဌာနနှင့် ရင်းနှီးသူဖြစ်လေရာ Xia Yao တစ်ယောက်တည်းကပင် ကုမ္ပဏီ၏ ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်သူ ဖြစ်လာ၏။ ကုမ္ပဏီ၏ ပုံရိပ် တိုးတက်စေရန် အင်တာနက်တွင်ကြော်ငြာသည်မှ အစ အလုပ်ခန်းထဲရှိ ပန်းအိုးသေးသေးလေးကို ရေလောင်းသည့် ကိစ္စသေးသေးလေးအဆုံး သူသာ တာဝန်ယူထားသည်။

ထို့အပြင် အရေးကြီးသော ဆုံးဖြတ်ချက်များကို Xia Yao သာ လုပ်သည်။ ကုမ္ပဏီတွင် ရှိနေသော ရာထူးများကို ဘယ်သူမှ ဂရုမစိုက်ကြပဲ  Yuan Zong ၏ ဆုံးဖြတ်ချက်လိုလာသော အခါမျိုးတွင် Xia Yao ကိုသာ အားလုံးက အားကိုးကြလေသည်။

ထို့ကြောင့် ကုမ္ပဏီတွင် Xia Yao အမိန့်ကိုသာ အားလုံးက တညီတညွတ်တည်း နာခံကြ၏။

သူတို့ပြောသည့် စကားတစ်ခွန်းရှိ၏။
" မင်းက အခု မိသားစုလို ဖြစ်နေပြီပဲ... မင်းပဲ အကုန်လုံး ဆုံးဖြတ်ပါ... ပြီးတော့ မင်းရဲ့ ယောက်ဖ ကုမ္ပဏီပဲကို မင်းလဲ သက်ဆိုင်တာပေါ့"

" ခင်ဗျားတို့ ဘာပြောပြော ကျွန်တော့်အမိန့်ကိုသာ လိုက်နာရင် Yuan Zong ရဲ့ သားလို့ခေါ်လဲ စိတ်မဆိုးပါဘူး".

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora