Zawgyi
Xia Yao နှင့် Yuan Zong တို့ ထွက်သွားပြီးနောက် Tian Yan Qi အခြေအနေက ကားထဲတွင် တစ်ယောက်ထဲ ငရဲခံရထက်သည် ဆိုးရွားနေသည်။
Xia Yao သူငယ်ချင်းကလဲ Tian Yan Qi ကို ဖုန်းများအကြိမ်ကြိမ်ခေါ်၏။ သို့သော် တစ်ကိုယ်လုံးပူကာ နားနှစ်ဖက်လုံး အူနေသော Tian Yan Qi မှာ ဖုန်းသံကို သေချာမကြားရ။ နှုတ်ဖျားမှ ဘာမှန်းမသိသော စကားများ တတွတ်တွတ်ဆိုကာ သူ့ကိုယ်သူပင် ဘာဖြစ်နေလို့ ဘာဖြစ်နေမှန်းမသိတော့။ ကားမှန်အပြင်ဘက်ကို ကြည့်မိသောအခါ Hei Bao ၏ မျက်နှာတည်တည်က သူနှင့် မလှမ်းမကမ်းမှ သူ့ကို စိုက်ကြည့်နေ၏။
တစ်နာရီလောက်ကြာပြီးနောက် Xia Yao သူငယ်ချင်းက Tian Yan Qi တည်နေရာကို ခက်ခက်ခဲခဲ ရှာရင်းရောက်လာသည်။
ထိုအချိန်မှာ မှောင်မိုက်လွန်းနေသည်။ Xia Yao သူငယ်ချင်းက Tian Yan Qi ကားနားရောက်လာပြီး ဖွင့်မည်လုပ်တော့ ပြင်းထန်သောအားတစ်ခုက သူ့ကိုအနောက်မှဆွဲရိုက်လိုက်ရာ သတိမေ့သွားလေသည်။
Hei Bao က ကားတံခါးကို အသာဆွဲဖွင့်၏။
Tian Yan Qi က သွေးလွှမ်းနေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်သည်။
" ဘယ်လိုနေလဲ... မင်းရဲ့ အရေးတကြီး လိုအပ်ချက်ကို ကိုယ် ကူညီပေးရမလား"
Tian Yan Qi က နှုတ်ခမ်းကို တင်းစွာကိုက်ထားသဖြင့် သွေးများစီးကျလာသည်။ သူ့ကိုယ်အတွင်းမှ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက သွေးသားကို တောင့်တနေသည့်တိုင် သိစိတ်ကတော့ တိုက်ပွဲဝင်နေရသည်။ သူ့ဘဝတွင် တစ်စုံတစ်ယောက်နှင့်မျှ မချစ်ခဲ့ဖူးသဖြင့် ဒီအတိုင်းကြီး မဖျက်စီးပစ်လိုက်နိုင်ပေ။
သူ့လက်ကို ဘောင်းဘီထဲ ထိုးထည့်ရင်း ဘယ်သူမှ မရှိသည့်အလား သူ့ကိုယ်သူ နှစ်သိမ့်သည်။
" အဆင်ပြေတယ်.... ဘယ်သူမှမလိုဘူး.."
Hei Bao က အားရပါးရ အော်ရယ်ကာ Tian Yan Qi ၏ လက်ကို တင်းတင်းကိုင်၍ ဖြေလျော့နိုင်မည့်အခွင့်အရေးကို တားဆီးထား၏။ Hei Bao က Tian Yan Qi ခံစားနေရပုံကို ကြည့်ရင်း ကျေနပ်အားရနေ၏။
" ဘယ်လိုလဲ.... ဒီလူကို လိုနေပြီမဟုတ်လား"
Tian Yan Qi ၏ နဖူးမှ ချွေးသီးချွေးပေါက်တို့ စီးကျနေသည်။ သူငယ်အိမ်မှာ ကျယ်လာရင်း ပြင်းထန်သော ဆန္ဒနှင့် ဒေါသတို့ ရောယှက်နေသော မျက်ဝန်းတို့က Hei Bao အကြည့်ကို လွန်ဆန်နိုင်ခြင်းမရှိတော့။
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...