Zawgyi
အဝတ်အစားဟောင်းများကို တပ်မက်တတ်သော အကျင့် ဘယ်ထဲက စွဲခဲ့သည်လဲ Xia Yao သတိမထားမိ။ Yuan Zong အိမ်သို့ ရောက်၍ ညအိပ်တိုင်း Yuan Zong ၏ အတွင်းခံများကို သူကြိုက်၍ အိမ်ကို ခိုးခိုး လာခဲ့ဖူးသည်။
သည်နေ့ည Yuan Zonh က သူငယ်ချင်းတစ်ယောက်နှင့် တွေ့စရာရှိ၍ Xia Yao တစ်ယောက် အိမ်ပြန်ကာ ရေမိုးချိုး၍ ခိုးလာသော အတွင်းခံကို ဝတ်ကြည့်တော့ နည်းနည်းချောင်နေသည်ကို သတိထားမိလိုက်၏။
Xia Yao တစ်ယောက် အိပ်ပျော်လုဆဲဆဲ သူ့အခန်းရှေ့တွင် Yuan Zong ၏ အသံသြသြကြီးကို ကြားလိုက်ရ၏။
" Xia Yao နဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့ပါခင်ဗျ"
" သူ အိပ်ခန်းထဲမှာရှိတယ် ဝင်သွားလိုက်လေ.."
Xia မေမေက ပြန်ဖြေသည်။Xia Yao က ချက်ချင်း စိတ်ပျက်သွား၏။.... ဒီအချိန်ကြီးမှ ဘာလာလုပ်တာလဲ....
ချက်ချင်းပင် iPad ကို လွှင့်ပစ်လိုက်ပြီး ခေါင်းလေးသာ ဖော်၍ တစ်ကိုယ်လုံး စောင်ခြုံထားလိုက်သည်။" အစောကြီး အိပ်နေပြီလား"
Yuan Zong က မေးလိုက်၏။Xia Yao က ခေါင်းညိတ်သည်။
" ဘာလို့လဲ မသိဘူး ဒီနေ့ အရမ်း အိပ်ချင်နေလို့.. ခင်ဗျားသူငယ်ချင်းနဲ့ သွားတွေ့တာဆို.. ဒီကို ဘာလာလုပ်တာလဲ"" တွေးပြီးပြီလေ"
Yuan Zong က ပြန်ဖြေသည်။
" သူက အထည်ဆိုင် ဖွင့်ထားတာလေ.. ဒီဇိုင်းလေးတွေ လှတာနဲ့ မင်းအတွင် နှစ်စုံ သုံးစုံ ဝယ်လာခဲ့ပေးတာ"နည်းနည်းလေး အနားပေးပါဦး အစ်ကိုကြီးရယ်...
Xia Yao က ပွစိ ပွစိနှင့် ပြောနေသည်။အခုတလော Yuan Zong မှာ သရဲပူးနေသလား အောက်မေ့ရအောင်ပင် အင်္ကျီဆိုင်တွေ့တိုင်း Xia Yal အတွက် ဝင်ဝင်ဝယ်သည်။ အကသမားများ၏ အင်္ကျီဒီဇိုင်းများ.မရမက ရှာဝယ်ကာ Xia Yao ကို ကခိုင်း၏။ စိတ်တိုစရာ Yuan Zong ပင်။
" ကျွန်တော် ဒီနေ့ ပင်ပန်းနေလို့... မနက်ဖြန်မှာ ဝတ်ကြည့်လိုက်မယ်.."
Xia Yao အသံက ဆုံးဖြတ်ချက် ချထားပြီးသား အသံ။Yuan Zong ကလဲ စိတ်အားထက်သန်လွန်းနေသည်။ အိပ်ရာထဲမှ Xia Yao ကို အတင်းဆွဲမလိုကြံကာရှိသေး။ Xia Yao က အပေါ်ပိုင်း ဗလာနှင့် အောက်ပိုင်းစောင်ခြုံလျက် ထထိုင်လိုက်သည်။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...