Chapter 39- ပျက်သွားတဲ့ ပစ္စည်းတွေ မင်းနဲ့ ပြင်မယ်

6.2K 941 11
                                    

Zawgyi

ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် Yuan Zong က စောစော အဖြစ်အပျက်ကြောင့် အစည်းအဝေးခေါ်ကာ ဆွေးနွေးရလေသည်။ အဓိကခေါင်းစဉ်က ထိုကိစ္စမျိုး နောက်နောင် မဖြစ်ရေး ဖြစ်လေ၏။

" ကုမ္ပဏီဖွင့်လာတာ လေးနှစ်ကျော်ပြီ ဒါမျိုး တစ်ခါမှ စော်ကားမခံရဖူးဘူး"

" ကျွန်တော့်အတွေးက သူ့ကို ပိုက်ဆံပြန်ပေးလိုက်ပြီးတော့ သင်တန်းက ထုတ်လိုက်ရအောင်.. သူ့လို သင်တန်းသားမျိုး သင်ပေးစရာ မလိုပါဘူး"

" ဒါရိုက္တာYuan ဘယ်လိုစဉ်းစားထားလဲ"

Yuan Zong က တစ်ယောက်ထဲ အတွေးနွံနစ်နေ၏။
ခြငေ်သ့ဂူထဲရောက်အောင် သူ့ကို ပင်ပင်ပန်းပန်း မျှားခေါ်ထားရတာကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ... တကယ်လို့ ဒီနေရာကို မီးနဲ့ ရှို့သွားခဲ့ရင်တောင် ဒီလူကြီးက သူ့ကို ဘယ္ကိုမွ ပေးမသွားဘူး...

Yuan Zong က ဝမ်းနည်းဖွယ် အေတြးအဆုံး တစ်ခုခုတော့ ဆုံးဖြတ်ရမည်ဖြစ်သဖြင့် နှုတ်ခမ်းသားတို့ တုန်ယင်ကာ လည်စိက အပေါ်တက် အောက်ဆင်း လှုပ်ခါနေသည်။
" တကယ်လို့ သူ အဲ့လိုအများမျိုး ထပ်လုပ်ရင် ကျွန်တော် ကိုယ်တိုင် အပြစ်ပေးပါမယ်"

Shi Tian Biao က မျက်မှောင်ကြုံ့၏။
" အဲ့ဒါဆို သူက ပိုဆိုးတဲ့ အပြစ်ပေးမှုတွေ ကြုံရမှာပေါ့... အဲ့ဒါဆို ကျွန်တော်တို့ကြားထဲ အထင်လွဲမှုတွေ ပိုများလာနိုင်မလား"

အခြားကြီးကြပ်သူ တစ်ဦးက Shi Tian Biao အား တိုးတိုး တိုးတိုးနှင့် ပြန်ပြောသည်။
" ခင်ဗျား ဘာလို့ အဲ့လောက်တုံးရတာလဲ သူက ဘယ်သူမို့လို့လဲ... ဒါရိုက္တာ Yuan Zong ရဲ့ ယောက်ဖလေ.. Yuan Zong က သူ့ကို လက်ဖျားနဲ့တောင် ထိရက်လို့လား.. နားမလည်ဘူးလား... သူ အခုပြောနေတာက Xia Yao ကို ဘယ်သူမွ မထိရဘူးလို့ ဆိုလိုနေတာလေ..."

" မဖြစ်နိုင်တာပဲ..."
Shi Tian Biao က သူ့ကိုယ်သူ ထက်မြတ်သူဟု အတင်းယူဆလိုက်သည်။
" ဒါရိုက္တာ Yuan က အဲ့လိုလူမျိုးမှ မဟုတ္တာ...သူက အမြဲ တရားမ်ွတတဲ့သူပဲကို.. လူတိုင်းကို ညီတူညီမ်ွပဲ ဆက္ဆံတဲ့သူ...ဘယ်သူ့ကိုမှ ပိုပြီး မကောင်းပါဘူး"

"လစာအဖြတ်ခံရတောင် အမှတ်မရှိသေးဘူးလား"

"...."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now