Chapter 9 - ခင်ဗျားက အရှက်လုံးဝမရှိတဲ့သူပဲ

7.6K 1.1K 31
                                    

Zawgyi

နောက်တစ်နေ့တွင် Xia Yao က Yuan Zong ကို ရှောင်ရန် တောင်တက်စက်ဘီးတစ်စီးဖြင့် အလုပ်တက်၏။ စက်ဘီးလက်ကိုင်ကို တင်းတင်းကိုင်ထားသော ဖြူသွယ်သွယ် လက်တစ်စုံ ၊ လေတိုက်တိုင်း လွင့်ပါနေသည့် ရဲယူနီဖောင်း၊ တင်းရင်းချပ်ရပ်နေသော ဗိုက်သား၊ ရဲဘောင်းဘီတင်းတင်းအောက်မှ ရှည်လျားအချိုးကျသော ပေါင်တံများသည် ခြေနင်းတံ လည်တိုင်း အချိုးကျစွာ တင်းရင်းနေ၏။

ကားထဲထိုင်နေသော အမျိုးသမီးတစ်ယောက်က Xia Yao ၏ အလှကို သွားရည်ကျနေ၏။
" ဆွဲဆောင်မှု ရှိလိုက်တာဟယ်"

စခန်းရောက်တော့ Xia Yao က စက်ဘီးသွားထားရင်း ရုံးမှ
Zhang Tian နှင့် တွေ့၏။

" စက်ဘီးတွေ ဘာတွေ စီးလို့ပါလား"
Zhang Tian က မေးသည်။

Xia Yao က လူရှောင်ချင်လို့ဟု ဖြေမည့်သူမဟုတ်ပါလေ... ရိုးရိုးသာ ပြန်ဖြေ၏။
" လေ့ကျင့်ခန်းလေ"

" မင်း ခန္ဓာကိုယ်နဲ့ လေ့ကျင့်ခန်း လိုလို့လား"
Zhang Tian က Xia Yao ၏ တင်ပါးကို ပုတ်လိုက်သည်။
" ဒီ ကြွက်သားကိုလား"

Xia Yao က တင်းတင်းပြောသည်။
" မထိနဲ့.."

" ဟုတ်သားပဲ ငါမေ့နေလို့ "
Zhang Tian က ပြုံးလိုက်သည်။
"Xia Yao.. မင်းက လူတွေနဲ့ ဝေးဝေးနေတယ်လို့ ပြောဖူးတယ်နော်.. ထိတာလေးတောင် မရရင် နောက်ခါ မိန်းမယူရင် အိပ်ရာထဲမှာ ဘယ်လိုလုပ်မှာလဲ"

Xia Yao က သူ့ပခုံးပေါ်မှာ Zhang Tian ၏ လက်ကို ပုတ်ချသည်။
"ဒါက မင်းစိတ်ပူစရာ မလိုပါဘူး"

ညဘက်တွင် Xia Yao တစ်ယောက် ဂိတ်ဝတွင် စောင့်နေမည့် ကားကို လှမ်းကြည့်တော့ ထိုကားက ရှိနေသေးသည်။

Xia Yao မှာ စက်ဘီးအကျအန စီး၍ ထွက်လာခဲ့၏။

Yuan Zong က ကားလမ်းမပေါ် ရှိ စက်ဘီးထိုင်ခုံမှ မြောက်ကြွမြောက်ကြွ တင်ပါးကို ငေးရင်း လိုက်ပါလာ၏။

တင်းတင်းရင်းရင်း ရှိလိုက်တာ

လမ်းဆုံရောက်တော့ Xia Yao က အရှိန်လျှော့ကာ လမ်းသွယ်ထဲ ကြည့်လိုက်၏။

နောက်လှည့်ကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းမှ ပါးစပ်လှုပ်ရုံပြော၏။ 'လိုက်နိုင်ရင် လိုက်လေ... သေမလား ကြည့်ကြသေးတာပေါ့'

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now