Chapter 59- ငြိမ်ငြိမ်နေ ခွံ့ကျွေးမယ်

7.9K 1.1K 32
                                    

Zawgyi

တက္ကစီက Yuan Zong ကုမ္ပဏီရှေ့တွင် ရပ်သွားသည်။ ညစောင့်ဦးလေးက Xia Yao ကို လက်ပြ၍ နှုတ်ဆက်သည်။

ရှည်လျားလှသော ဝင်ပေါက်ကို ဖြတ်ရင်း လေ့ကျင့်သော ကွင်းများမှ မီးရောင်မှိန်မှိန်တို့က အရိပ်များ ဖြာကျနေသည်ကို ကြည့်လိုက်သည်။ ရုတ်တရက် ဒဏ်ရာရလာသောကြောင့် သူ နှင်ထုတ်ခံရမလားဟု Xia Yao က တွေးနေမိသည်။

Yuan Zong က အခုထိ အိမ်မပြန်သေးပေ။ မသိစိတ်ထဲတွင် Xia Yao ရောက်လာမည်ကို ကြိုသိနေသလို စောင့်နေရှာသည်။ သည်လိုပုံစံနှင့် ရောက်လာမည်ကိုတော့ မျှော်လင့်ထားပုံမရပေ။ ကျောက်ပတ်တီးကိုင်ထားသော လက်ကို မြင်လိုက်ရသောအခါ Yuan Zong ၏ အေးစက်လှသော မျက်နှာတွင် အလိုမကျမှုတို့ ဖြတ်ပြေးသွား၏။ ​စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရသော Yuan Zong အတွက် ​ခြေဖြတ် လက်ဖြတ်ခံရသည်ကိုပင် ပြဿနာကြီးဟု မမြင်ခဲ့။ သူ့အရိုးထဲသို့ ကျည်ဆန် ပွတ်တိုက်မိသည်ကိုပင် မျက်တောင် တစ်ချက် မခတ်ခဲ့ပေ။ သို့သော် Yuan Zong ​ရှေ့တွင် ရပ်နေသော ကောင်လေး၏ အသားတစ်ချက် ပွန်းပဲ့သွားလျှင်ပင် လူသတ်ချင်သည်အထိ ဒေါသထွက်နေသောကြောင့် Xia Yao အား စကားစနိုင်ရန်ပင် Yuan Zong အတွက် အချိန်အတော်ယူလိုက်ရသည်။

" မင်း ဘာဖြစ်လာတာလဲ"

Xia Yao က ပခုံးသာ တွန့်လိုက်သည်။
" တရားခံ လိုက်ရင်းနဲ့ ကျိုးသွားတာ..."

လေသံမှာ သူ့လုပ်ဖော်ကိုင်ဖက်များအား ပြောသည်နှင့် တူသော်လဲ Yuan Zong ​ရှေ့တွင် ပြောသော စကားမှာတော့ သူ့ဆီမှ အဖြေကို မျှော်လင့်ကြီးစွာဖြင့် စောင့်နေသော အသံပါနေသည်။

Yuan Zong က ဘာမှ ပြန်မဖြေပဲ Xia Yao အား ဆွဲကာ အထဲခေါ်သွားသည်။

" ခင်ဗျား ဒီနေ့ ဘာချက်ထားလဲ"
Xia Yao က မေးလိုက်သည်။

Yuan Zong က တမင် ပြောလိုက်၏
" ဘာမှ မကျန်တော့ဘူး"

" မကျန်တော့ဘူးဆိုတာ ဘာပြောတာလဲ...ကျွန်တော် နည်းနည်းလေးပဲ နောက်ကျတာကို.... နည်းနည်းလေးတောင် မချန်ထားပေးဘူးလား"

Yuan Zong က Xia Yao ကို စူးစူးရဲရဲ ကြည့်သည်။
" မင်းက ကိုယ့်လက်ကိုတောင် ချိုးလာတာပဲကို... မင်းကို ချန်ထားပေးစရာလား..."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now