Chapter 58- ပေါ်လာသော ပြဿနာ

7.5K 991 6
                                    

Zawgyi

သောကြာနေ့သို့ တစ်ပတ်လည်၍ ပြန်ရောက်လာခဲ့သည်။ Xia Yao က အိမ်ပြန်ရန် အသင့်ပြင်ကာ စားပွဲကို သိမ်းဆည်းပြီးသွား၏။ ရုံးဆင်းရန် သုံးမိနစ်ပဲ လိုတော့သည်ဖြစ်၍ Xia Yao က စက္ကန့်များကို ရေတွက်နေသည်။ ထိုအချိန်တွင် အရေးပေါ် ဖုန်းတစ်ခု ဝင်လာသည်။

သူတို့ ဖမ်းရမည်သူက ရာဇဝတ်မှု မြောက်မြားစွာ ကျူးလွန်ဖူးသူဖြစ်ပြီး Zhao Xiang ဟု အမည်ရသည်။ သူက အသက် ၁၆နှစ်မှာတင် ရန်ဖြစ်၍ ထောင်ကျခဲ့ဖူးပြီး အနှစ်နှစ်ဆယ်အတွင်း ရာဇဝတ်မှုကြီးပေါင်း ၈ခု ကျူးလွန်ခဲ့၏။ လောင်းကစားမှု... ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု... ရန်ဖြစ်မှုတို့ကြောင့် ခဏခဏ ထောင်ကျ အချုပ်ထဲတွင် နေခဲ့ရသူ ဖြစ်သည်။ သည်တစ်ခေါက် Zhao Xiang က တရားမဝင် လက်နက်ဝယ်ယူသဖြင့် ဖမ်းဆီးရန် အမိန့်ကျလာသည်။

တိုက်စစ်ကို သေချာပြင်ဆင်ပြီးနောက် သုံးယောက်သား Zhao Xiang ကို ဖမ်းရန် ထွက်သွားကြသည်။

ခြောက်နာရီအချိန်တွင်

Xia Yao က မြေညီထပ်ရှိ ​လှေကားလေးဆင့်မြောက်တွင် ရပ်နေသည်။ လင်းထိန်နေသော မီးရောင်နှင့် ဆူညံညံအသံများက အပေါ်ထပ်မှ ထွက်လာနေ၏။ Xia Yao မော့ကြည့်လိုက်တော့ တုတ်ခိုင်သန်မာလှသော လူငါးယောက်နှင့် Zhao Xiang အား တွေ့လိုက်ရသည်။ တကယ်တော့ Zhao Xiang က ရဲများ ရောက်လာမည်ကို ကြိုတွေးထားကာ လူငှားကာ သူတို့အား စောင့်နေပုံ ပေါ်၏။

ထိုကဲ့သို့သော အခြေအနေတွင် Xia Yao နှင့် အတူပါလာသော Xiao Hui နှင့် Zhanng Tian တို့က ချွေးများ ပြန်နေ၏။

" ဘာမှ မဖြစ်ဘူး..."
Xia Yao က သာမန်ဟု သဘောထားကာ အေးဆေးနေသည်။
" ငါ့နောက်ကသာ လိုက်ခဲ့..."

တစ်ချိန်ထဲတွင် Zhao Xiang ကလဲ Xia Yao အား စိုက်ကြည့်ကာ သူ့လူများနှင့်အတူ ပြေးဝင်လာပြီး ရန်ပွဲတစ်ခု စကြ၏။

" လူမှားပစ်မိခြင်း" ဟူသော အမှား မလုပ်မိစေရန် Xia Yao တို့အဖွဲ့မှာ ရဲများသုံးသော တုတ်နှင့် လက်မှ လွဲ၍ သုံးခွင့်မရှိ။ ဗလတောင့်တောင့်နှင့် နှစ်ယောက်မှာ ဖြူဖွေးနူးညံ့သော အသားအရေပိုင်ရှင် Xia Yao အား တက်သစ်စကောင်လေးထင်မှတ်၍ လျှော့ပေါ့ကာ တိုက်ခိုက်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now