Chapter 147- ငါတစ်ယောက်ထဲနဲ့ လူသုံးထောင်ကို top နိုင်တယ်

4.4K 635 33
                                    

Zawgyi

" ကောင်းတယ် မင်း တော်သားပဲ"
Xia Yao က Tian Yan Qi က အေးစက်စက်ပြောလိုက်သည်။
" ယောက်ျားစစ်စစ်ဆိုတာ စကားကို ပါးစပ်ထက် လက်သီးနဲ့ ပိုပြောတယ်"

စီးကရက်မီးခိုးငွေ့များနှင့် ပြည့်နှက်နေခဲ့သော အခန်းထဲတွင် လက်သီးချင်း ချသံများ ခြေကန်သံများ ထွက်ချလာ၏။ နှစ်ဦးလုံး၏ မျက်ဝန်းနှစ်စုံက ဒေါသမီးတို့ဖြင့် တောက်လောင်နေ၏။

အဆုံးသတ်တွင်တော့ Xia Yao က သူ့ပြိုင်ဖက်ကို ရှုံးခဲ့၏။

ဘယ်နှချက် အထိုးခံရသည်ကိုပင် သတိမရနိုင်တော့ပဲ တစ်ကိုယ်လုံး တုန်ယင်ကာ လဲကျသွားရှာသည်။

ယောက်ျားကောင်းတစ်ယောက်က ပါးစပ်ထက် လက်သီးနှင့် စကားပြောသည်ဟု ပြောခဲ့ဖူးသော ပုဂ္ဂိုလ်မှာ ရေမြှုပ်တစ်ခုပေါ် ထိုင်၍ Tian Yan Qi ကို လက်ညိုးတထိုးထိုးနှင့် အော်ဟစ်တော့၏။

" Tian Yan Qi. . မင်း သိအောင်လို့တော့ ပြောပြလိုက်ဦးမယ်... ငါသာ ဒဏ်ရာမရနေရင် တစ်ချက်ထဲနဲ့ မင်း ပွဲသိမ်းနေပြီးပြီ.. မင်း Yuan Zong က အချိန်အကြာကြီး ချစ်လာတာကို ငါသိတယ်... မင်းရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ကို ငါ ဝင်စွက်ဖက်ခွင့်မရှိတာကိုလဲ ငါသိတယ်... ဒါပေမဲ့ ဒီလိုလုပ်တာကြီးကတော့ မတရားဘူးလေ... မင်းသာ အရည်အချင်းရှိရင် သူ့ကို ပြန်ပေးဆွဲပြီး ကြိုက်သလောက် နမ်းလို့ရတယ်... အခုတော့ မင်းစောက်ပါးစပ်လေးကို နည်းနည်းထိန်းလို့ ရမလား"

Tian Yan Qi က စောင်းနေသော အင်္ကျီကို ပြန်တည့်လိုက်ရင်း Xia Yao ၏ ရောင်နေသော လက်အား သတိထားမိသွား၏။
" ခင်ဗျားလက် အဆင်ပြေရဲ့လား"

Xia Yao ​က စူးစူးရဲရဲ မျက်စောင်းလေးတစ်ချက်ဖြင့် စူပုပ်ပုပ်လေး ​ပြောလိုက်သည်။
" ဖာ့ခ်ပဲ... စိတ်ကြိုက်လုပ်ပြီးမှ လက်နာလား လာမေးနေသေးတယ်"

Tian Yan Qi က စကားတစ်ခွန်းမှ မဟ။

Xia Yao က နားရွက်မှာ ပတ်တီးစနှင့် ဆော့ကစားနေသော Tian Yan Qi ကို ကြည့်ကာ လေသံပြောင်းသွား၏။
"ငါပြောပြမယ် Tian Yan Qi. .. မင်းက အခု နာမည်ကြီးပြီဆိုတော့ လူတွေလဲ မင်းကို လိုချင်ကြမှာလဲ.. ငါ Yuan Zong ကို ဖိအားပေးပြီး မင်းကို ကုမ္ပဏီက ထွက်ခိုင်းလို့ရတယ်... ဒါပေမဲ့ ငါ ဘာလို့မလုပ်လဲသိလား... မင်းကို လေးစားပြီး သူငယ်ချင်းတစ်ယောက်လို သဘောထားလို့.. ငါနဲ့ ညစ်ညစ်ပတ်ပတ် လာပြိုင်ဖို့ စိတ်ကူးရဲလို့ကတော့ မင်းကို မြေမြှုပ်စရာမလိုအောင် ကိစ္စတုံးပစ်လိုက်မယ်"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Tahanan ng mga kuwento. Tumuklas ngayon