Zawgyi
ထို့နေ့ညက Xia Yao တစ်ယောက် အိပ်မပျော်ပေ။ ကုတင်ပေါ် လူးလှိမ့်ကာ နေ့လည်က အကြောင်းကို ပြန်စဉ်းစားရင်း Yuan Zong ကို ပက်ပက်စက်စက် ပြောပစ်ချင်သည်။ တိတ်ဆိတ်စွာ ခေါင်းငုံ့ခံခဲ့သော သူ့ကိုယ်သူ မကျေမနပ် ဖြစ်မိသည်။ ဘာလို့ အဲ့ဒီလူကြီးကို လူတွေက လူကောင်းလို့ သတ်မှတ်ကြပါလိမ့်.... သေနတ်ကမှ ကိုင်တွယ်လို့ ကောင်းဦးမည်။ ထိုလူကြီးက ကိုင်တွယ်ရအခက်ဆုံးလူပင်။ သူကြိုက်ရာကို ဘာဖြစ်ဖြစ် လုပ်မည့်သူကြီး...
ထိုအရာက Xia Yao အား စိတ်မသက်မသာ ဖြစ်စေသည်။
ပိတ်ရက်ဖြစ်သည့်အတွက် ကောင်းကောင်းအိပ်ပျော်ရမည့်အစား Xia Yao တွင် လုံးဝအိပ်ချင်စိတ် မရှိပေ။ ဖုန်းယူကာ နံပါတ်တွေ ရှာပြီးနောက် Peng Ze ၏ နာမည်တွင် ရပ်လိုက်၏။
" hello"
တစ်ဖက်မှ အိပ်ချင်နေသော အသံဖြင့် ပြန်ဖြေသည်။Xia Yao က အသံနှိမ့်ကာ မေးလိုက်သည်။
" Ze, မင်း အားလား"" ဘယ်တော့လဲ"
"အခု.."
Peng Ze က သန်းလိုက်သည်။
" အခု ဘယ်အချိန်ရှိပြီလဲ..."Xia Yao က သက်ပြင်းချသည်။
" ငါလေ.. တစ်ခုခု မှားနေသလို ခံစားရလို့.. ပြီးတော့ ပြဿနာက ပိုပိုကြီးလာတယ်...မင်း အဆင်ပြေမယ်ဆိုရင် ကော်ဖီဆိုင်ကို ခနလောက် ထွက်ခဲ့ပေးလို့ ရအလား.. ငါ မင်းကို စောင့်နေမယ်..."ဖုန်းချပြီးနောက် Xia Yao က မျက်နှာသစ် အဝတ်အစားလဲကာ အပြင်ထွက်ခဲ့၏။
ပထမတော့ Xia Yao က Peng Ze အား လျှို့ဝှက်ချက်များကို အကုန်တိုင်ပင်ကာ အကြံတောင်းရန် စဉ်းစားခဲ့သော်လဲ Peng Ze က အဖော်ခေါ်လာ၍ မပြောဖြစ်ပေ။ Peng Ze ခေါ်လာသော ယောက်ျားလေးမှာ အနောက်တိုင်းဆန်ဆန် ဝတ်ဆင်၍ နတ်ဘုရားများ၏ မျက်လုံးထဲ လမ်းလျှောက်နေသည့်နှယ် ကြော့ကော့နေ၏။
(မိန်းကလေးပုံစံ ဝတ်ထားတာပါ)" သူက ဘယ်သူလဲ..."
Xia Yao က မေးသည်။Peng Ze က မိတ်ဆက်ပေးသည်။
" ငါ့ သူငယ်ချင်း Li Zhen Zhen တဲ့.."Li Zhen Zhen က လှောင်ရယ်လိုက်သည်။
" Zhen Zhen လို့ပဲ ခေါ်ပါ"Zhen Zhen တဲ့လား... Xia Yao သည် ကျောရိုးထဲမှ စိမ့်ကာ အေးသွား၏။ Yuan Zong ကြောင့်လား နဂိုထဲကလားမသိပေမဲ့ ဂေးများတွေ့လျှင် မနေတတ်တော့ပေ။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...