Zawgyi
Xia Yao ၏ မျက်နှာပေါ် အံ့သြရိပ်များ ပြည့်သွားသည်။
" ငါ မင်းကို ပေးပြီးပြီလေ.. ထပ်တွန့်တက်မနေနဲ့... မင်းအတွက် အဲ့ဒါဆို လုံလောက်တာပဲ"မျက်နှာပြောင်သော Wang Zhi Shui က ညည်းညူလေ၏။
" အာ... လုပ်ပါဗျာ... ကျွန်တော့်ကို နည်းနည်းလောက် ပိုပေးလိုက်လို့လဲ ခင်ဗျား ဘာမှ ဖြစ်မသွားပါဘူး... ကျွန်တော် ငတ်နေတာ ကြာနေပြီလေဗျာ".Xia Yao က စိတ်ပျက်စွာ ပြန်ဖြေသည်။
" မင်းကို ငါ့ပိုက်ဆံတွေ အကုန်ပေးလိုက်လို့ ဖြစ်မလား... ငါ့အတွက်ရော"" အရာရှိရဲ့ အိမ်က မချမ်းသာဘူးလား"
Xia Yao က စိုက်ကြည့်လေ၏။
" မင်းကို ဘယ်သူပြောလဲ ဟမ်..."" ဟို... ထောင်ပိုင် ပြောပြတာ"
Xia Yao က Wang Zhi Shui အား ရှင်းပြသည်။
" နားထောင်နော်. ... အဲ့လိုစကားတွေ ကြားရတာကို ငါ အမုန်းဆုံးပဲ.... မိုးတွေ သည်းလို့ မုန်တိုင်းလာရင် အမိုးတွေ လုံမလုံ ငါ သွားစစ်ရတယ်... အပြင်မှာ သေလုအောင် နှင်းတွေ ကျနေရင်လဲ အိမ်ထဲမှာ မနေပဲ အလုပ်လာရတာပဲ... ဘာလို့လဲဆိုတော့ နှင်းကြားထဲမှာ လမ်းပြပေးဖို့ ရဲလိုတာပဲလေ... ငါ့လစာက အရမ်းလဲ များတာမဟုတ်ဘူး... တစ်လမှ ယွမ်လေးငါးထောင်ပဲ ရတာ... မင်းမျက်လုံးထဲမှာ ငါ အရမ်းချမ်းသာနေပုံ ပေါက်နေလား ဟမ်"Wang Zhi Shui က ရုတ်တရက် အားနာသွားကာ ပြန်ပြေလည်ရန် စကားစပေမဲ့ သူ့လေသံက တစ်မျိုးဖြစ်နေသည်။
" ဟို... အဲ့ဒါဆို ဒီလိုစဉ်းစားကြည့်... ကျွန်တော် အပြင်ရောက်ရင် နေဖို့ ပိုက်ဆံလိုမှာပဲလေ... တကယ်လို့ ကျွန်တော် လုပ်စရာမရှိရင် ထပ်ခိုးမိမှာပဲလေ... အဲ့ဒါ ထပ်ဖမ်းမိရင် ခင်ဗျားရဲ့ ကြိုးစားမှုတွေ အလကား ဖြစ်ကုန်မှာပေါ့..."သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ Xia Yao က အေးစက်စက်ပြန်ဖြေသည်။
" မစိုးရိမ်ပါနဲ့.. မင်းအတွက် စားဝတ်နေရေးကို တာဝန်ယူပေးတဲ့သူရှိတယ်..."Wang Zhi Shui က အံ့သြသွားကာ.ပြန်မေးလိုက်သည်။
" ဘယ်သူကလဲ"Xia Yao က စိုက်ကြည့်လိုက်တော့ Wang Zhi Shui ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ Xia Yao က ကြောက်စရာကောင်းသော အနာဂတ် ကြိုစောင့်နေသည်ကို မသိရှာသော Wang Zhi Shui ကို သနားစိတ်နှင့် ကြည့်ကာ ပိုက်ဆံထပ်ထုတ်ပေးလေ၏။ာ
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...