Chapter 167- အဆင်ပြေသွားမှာပါဗျာ

3K 460 7
                                    

Zawgyi

နာရီအနည်းငယ်ပင်မကြာလိုက် Xia Yao နှင့် Yuan Zong ကုမ္ပဏီတို့ ဆက်နွယ်နေသည့်အကြောင်းများ အင်တာနက်ပေါ် ပျံ့နှ့လာခဲ့သည်။

" တိကျသော အရင်းအမြစ်တစ်ရပ်အရ Hei Bao သက်တော်စောင့်ကုမ္ပဏီတွင် ဖြစ်ပျက်ခဲ့သော ပြဿနာများအားလုံးမှာ Yuan Zong ကုမ္ပဏီဥက္ကဋ္ဌ ဒါရိုက်တာYuan နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ ဒုတိယမျိုးဆက် ရဲအရာရှိ တစ်ဦးမှ ဖန်တီးခဲ့ခြင်းဟု သိရပါတယ်..."

" အဆိုပါ အမှုတွင် သံသယဖြစ်စရာ အချက်များလဲ ပါဝင်ပတ်သက်နေခဲ့ပါတယ်... အထင်ရှားဆုံးတစ်ခုကတော့ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ဖြစ်ခဲ့သော ရန်ပွဲတစ်ခုအကြောင်း ပြန်ရှင်းရပါလိမ့်မယ်

သံသယ အချက် တစ်...
သံသယရှိသူ အရာရှိဟာ အလုပ်ရှိ၍ တစ်နေရာသို့ သွားသည်ဟု ဆိုထားပါတယ်... သို့သော် အလုပ်နေရာက Haidian မြို့ဖြစ်ပြီး အမှုကိစ္စ ဖြစ်ပွားရာနေရာကတော့ Dongcheng မြို့မှာပါ.. ထို့နောက်မှာတော့ အကြောင်းတစ်စုံတစ်ရာမရှိပဲ ထိုအမှုကိစ္စ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်...

သံသယအချက် နှစ်...
ထိုအချိန်မှာ Hei Bao ကုမ္ပဏီ သက်တော်စောင့်များကလဲ ထိုနေရာတွင် ရှိနေကြတယ်လို့ဆိုပါတယ်.. အကြောင်းတစ်စုံတစ်ရာကြောင့် နှစ်ဦးနှစ်ဖက် စကားများကာ ရန်ဖြစ်သည်အထိ ဖြစ်ခဲ့ကြပါတယ်

သံသယအချက် သုံး...
သံသယရှိသူ ရဲအရာရှိမှာ ထိုရန်ဖြစ်မှုကို မကျေနပ်၍ Hei Bao ကုမ္ပဏီရှိ အမှုအားလုံးကို တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ပြီး ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်... အဆိုးဆုံးကတော့ ထိုကုမ္ပဏီကို ပိတ်လိုက်စေဖို့အထိ ရည်ရွယ်တယ်လို့ သိရပါတယ်... ထိုသတင်းကိုတော့ အမည်မဖော်လိုသူ တစ်ယောက်ရဲ့ ဝန်ခံမှုကြောင့် သိရတာပါ

သံသယအချက် လေး...
ဌာနမှ သတင်းထောက်များရဲ့ စုံစမ်းမှုအရတော့ ထိုရဲအရာရှိမှာ Hei Bao ကုမ္ပဏီတစ်ခုလုံးကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ ရာထူးတစ်နေရာရရှိထားတဲ့ ဒုတိယမျိုးဆက် အရာရှိတစ်ယောက်ဖြစ်တယ်လို့လဲ သိရပါတယ်...

Xia Yao မျက်နှာတစ်ခုလုံး သွေးနီရောင်လွှမ်းသွား၏။...ဘာ idol လဲ... ဘာ ပရိသတ်လဲ... အကုန်လုံးက သေချာဆင်ထားတဲ့ ထောင်ချောက်ပဲ...

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Où les histoires vivent. Découvrez maintenant