Chapter 46- ဖူးပွင့်လာသော အချစ်

7.4K 1K 42
                                    

Zawgyi

Xia Yao အိပ်ပျော်နေရာမှ နိုးလာတော့ ခုနစ်နာရီပင် ခွဲပြီးနေပြီ။ လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ အိမ်လေးများ တစ်လုံးနှင့် တစ်လုံး ခပ်ကျဲကျဲ ရှိနေသည်။ Yuan Zong ၏ ကျောကို ပုတ်၍ Xia Yao က အသံကျယ်ကျယ် အော်လိုက်သည်။
" ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ..."

" အခုမှ မြို့အထွက်တံခါးကို ဖြတ်လာတာ... HeBei ပြည်နယ်ထဲမှာ..."

" ဘာ!!.. အခုမှ မြို့အထွက်ပဲ ရှိသေးတာ.."
Xia Yao က ဒေါသ ထွက်သွား၏။
" Henan ကို ရောက်ဖို့ ဘယ်လောက်တောင် သွားရဦးမှာလဲ... ခင်ဗျား ဒီအမြန်နှုန်းနဲ့ လေကောင်းလေသန့်ရှူဖို့ ခေါ်လာတာ မရှက်ဖူးလား... ဆင်းတော့... မြန်မြန်... ကျွန်တော် မောင်းမယ်..."

Yuan Zong က ဆီဆိုင်တစ်နေရာတွင် ရပ်ကာ ဆီအပြည့်ဖြည့်ပြီးနောက် Xia Yao ကို ပေးမောင်းလိုက်သည်။

အင်ဂျင်မှာ ခြင်္သေ့တစ်ကောင်ကဲ့သို့ အသံထွက်သွားပြီး အိတ်ဇောပိုက်မှ မီးခိုးမဲများ စုပုံ၍ ထွက်လာသည်။

Xia Yao က လက်ကိုင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်၍ လေအဟုန်ဖြင့် အမြန်နှုန်းကို မြှင့်ကာ မောင်းနေသည်။ ဆိုင်ကယ်ဦးထုပ်မှ လေကာကြောင့်သာ မဟုတ်လျှင် သူ၏ မျက်ကပ်မှန်များမှာ လေထဲတွင် ကျန်ခဲ့မည် ဖြစ်၏။ လွတ်လပ်မှု၏ အရသာသည် အဓိကဇာတ်ဆောင်ကဲ့သို့ ခံစားရစေကာ စိတ်ကျေနပ်မှု အပြည့်ရှိနေ၏။

Yuan Zong က Xia Yao ၏ နောက်တွင် ထိုင်နေရင်း သူ့ပေါင်ကြားကို Xia Yao ၏ သားရေ ဂျက်ကတ်နှင့် ကပ်နေအောင် တိုးထားသည်။ ထိုအချိန်တွင် Xia Yao ၏ အော်သံကို ကြားရလေသည်။
" မိုက်လိုက်တာဗျာ... အလန်းကြီး....ကျွန်တော် ရူးတော့မယ်..."

Yuan Zong က ပတ်ဝန်းကျင်ကို ဖယ်ကာ သူ တွေးချင်သည့်အရာကိုသာ ဇွတ် တွေးလိုက်၏။

ကီလိုမီတာ နှစ်ရာခန့် အရှိန်ပြင်းပြင်း မောင်းပြီးနောက် Xia Yao က အရှိန်ကို တဖြည်းဖြည်း ပြန်လျှော့ရင်း ဖြတ်လမ်းတစ်ခုထဲ ဝင်လိုက်သည်။ လမ်းကြမ်းလွန်းလှသောကြောင့် Xia Yao မှာ ပင်ပန်းလာပြီး အရှိန်ကို ရုတ်တရက် လျှော့ချလိုက်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora