Chapter 184- မတော်တဆတွေ့ဆုံခြင်း
Zawgyi
Yuan Zong ကုမ္ပဏီ ဝန်ထမ်းများ၏ အဆောင် ကားပါကင်အောက်တွင် Peng Ze က ကားရပ်လိုက်သည်။ Li Zhen Zhen ကားထဲမှ ထွက်မည်လုပ်တော့ Peng Ze က စိတ်မရှည်နိုင်ရကောင်းလားဟု ကားထဲ အတင်းပြန်ဆွဲသွင်းကာ တင်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်ချသည်။
ခဏအကြာတွင်တော့ အဆောင်ထဲမှ Qian Cheng ထွက်လာသည်။
သူတို့နှစ်ယောက် စကားပြောနေကြချိန်Peng Ze လဲ ကားထဲမှ ထွက်၍ ကားတံခါးကို မှီကာ စီးကရက် မီးညှိသည်။ ခပ်လှမ်းလှမ်းတွင် စကားပြောနေသော နှစ်ယောက်ကို စီးကရက်ဖွာရင်း တစ်ချက်တစ်ချက် ခိုးကြည့်၏။
Qian Cheng က Li Zhen Zhen ကို ကြည့်၍ ပြုံးလိုက်သည်။
" ဒီလောက် နောက်ကျနေပြီးမှ ဘာလို့ ထွက်ခဲ့တာလဲ"" နောက်နှစ်ရက်ဆို ခရစ်စမတ်ရောက်ပြီလေ... မင်းကို ပန်းသီးပေးဖို့ လာတာ"
Qian Cheng က ကျေနပ်စွာဖြင့် Li Zhen Zhen ကို ခေါင်းလေး ပုတ်ပေးချိန် Peng Ze မှာတော့ နေမထိ ထိုင်မသာ ဖြစ်နေ၏။ ချက်ချင်းပင် Qian Cheng က လက်ကို ပြန်၍ ရုတ်လိုက်သည်။
" အဲ့ဒါက အင်္ဂလိပ်တွေရဲ့ အားလပ်ရက်ပါ"
Qian Cheng က ပြန်ဖြေသည်။Li Zhen Zhen က ခေါင်းမာ၏။
" ဘာပဲဖြစ်ဖြစ် အများက သတ်မှတ်ထားတဲ့ အားလပ်ရက်လေ... အားလပ်ရက်ဆိုတာမျိုးက လူတွေ အနားယူလို့ရအောင် လုပ်ပေးထားတဲ့ ဆင်ခြေပဲ မဟုတ်ဘူးလား..ယူလိုက်ပါ"Qian Cheng က ပန်းသီးကို ယူကာ တစ်ကိုက် ကိုက်ရင်း ချိုမြိန်သော အရသာကို ခံစားနေ၏။
Li Zhen Zhen က မျက်လုံးပြူးသွား၏။
" နေဦးလေ... ရေမှမဆေးရသေးတာ"" မလိုပါဘူး...ကောင်းကောင်းပွတ်လိုက်ရင် ရပါပြီ"
Li Zhen Zhen က ရေမဆေးရသေးသော ပန်းသီးကို စားခိုင်းလိုက်ရ၍ စိတ်မကောင်းသော်လဲ Qian Cheng ပန်းသီးစားနေပုံက ကြည့်ကောင်းလွန်းလှသည်။
" ဒီလောက် နောက်ကျမှ ရောက်လာတာဆိုတော့ ဘယ်လိုပြန်မှာလဲ"
Li Zhen Zhen ၏ ညှို့အားပြင်းသော မျက်ဝန်းတို့က Qian Cheng ကိုယ်ကို ဖောက်ထွက်သွားသည်။
" ကိုယ်က ပြန်ဖို့ မစဉ်းစားထားဘူး... ဒီည မင်းနေရာကို ဖျက်ဆီးဖို့ ရောက်လာတာလေ"
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...