Epilogue Chapter 216 - အကောင်းဆုံးမျက်လှည့်

1.8K 113 11
                                    

ပြန်သုံးလို့ရသွားတာမို့လို့ ဒီမှာပဲ epilogue ကို ထပ်ဖြည့်လိုက်မယ်နော် 😇😇

Unicode

နွေရာသီတွင် မိုးဖွဲလေးများ သည်းလာသည်နှင့်အမျှ Wang Zhi Shui တစ်ယောက် အအိပ်မက်လာသည်။ နေ့လည်လဲ အိပ် ညနေဘက်လဲ အိပ်နှင့်။ တစ်နေ့ကဆိုရင် အိပ်ရာကထ မျက်နှာသစ်သွားတိုက်ကာ စောင်သေချာခေါက်နေသည်ဟု အိပ်မက်တောင် မက်နေလိုက်သေးသည်။ အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံကြားတော့မှ သူ အိပ်ရာထဲရှိနေသေးသည်ကို သိလိုက်ရသည်အထိပင်။

" ခင်ဗျားက??"
တံခါးသွားဖွင့်သော်လဲ အိပ်ရေးမဝသေး၍ ခေါင်းပင်မထောင်နိုင်။

တံခါးရှေ့တွင် ရပ်နေသော ထိုလူက အနောက်တိုင်းဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်၍ လက်ထဲတွင် အိတ်တစ်လုံးကိုင်ထားသေးသည်။ ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသည့်အတွက် နူးညံ့သည့်အသွင်ပေါ်နေ၏။
" ကျွန်တော်က Wang Wei ပါ မေ့သွားတာလားခင်ဗျ"

Wang Zhi Shui က အံ့သြတကြီးပြောလိုက်သည်။
" ခင်ဗျားက  Missing My Brothers in Shandong on the Double Ninth ကို ရေးတဲ့သူလား"

( သူပြောတဲ့ wang wei က ရှေးခေတ် တရုတ်ကဗျာဆရာပါ)

" အာ ခင်ဗျား ဘာတွေပြောနေတာလဲဗျာ"
Wang Wei တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားရှာသည်။
" ကျွန်တော်က XX TV ကပါ ကြယ်ပွင့်လေးများရှိုးရဲ့ ဒါရိုက်တာ.. ဟိုတစ်ခေါက်ကတောင် Jindu ဟိုတယ် ညစာစားပွဲမှာ လာနှုတ်ဆက်ပါသေးတယ်ဗျ"

Wang Zhi Shui က ထိုသူ ဘယ်သူမှန်းသေချာမသိ ရောထွေးနေသော်လဲ အိမ်ထဲပေးဝင်လိုက်၏။

" ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ရဲ့ရှိုးမှာ ပါဝင်ဖို့ လာဖိတ်တာပါ အဲ့ရှိုးကို ကြည့်ဖူးလားမသိဘူး"

Wang Zhi Shui က သမ်းဝေရင်း ခေါင်းညိတ်သည်။
" ကြည့်ဖူးပါတယ်"

" ကြည့်ဖူးတော့ တော်သေးတာပေါ့ဗျာ .. ကျွန်တော်တို့ရဲ့ ရှိုးက အနုပညာရှင်တွေရဲ့ ပင်ကိုယ်အရည်အချင်းကို ပြသတာပါ .. ပရိသတ်တွေ မသိသေးရဲ့ အရည်အချင်းတွေကို သိသွားအောင် ပြတဲ့သဘောပေါ့ အရင်တစ်ခေါက်တွေ့ကြတုန်းက ခင်ဗျားမျက်လှည့်ပြတတ်တယ်လို့ ဒါရိုက်တာ Xuan က ပြောတယ်လေ အဲ့ဒါ ခင်ဗျားဘယ်လိုသဘောရလဲ လာမေးကြည့်တာပါ"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now