Zawgyi
တနင်္ဂနွေညနေခင်းတွင် Yuan Zong နှင့် အရင်က ရဲဘော်ဟောင်းတို့ တွေ့မိကြသည်။
ထိုလူက Yuan Zong နှင့် သက်တူရွယ်တူ ဖြစ်သည်။ သူက Yuan Zong ထက်နှစ်နှစ်သာ စော၍ စစ်တပ်ထဲမှ ထွက်ခဲ့သော်လဲ သူ့ထံတွင် လေးနှစ်အရွယ် သမီးလေးတစ်ယောက် ရှိနေပြီ ဖြစ်သည်။ နှစ်ယောက်သားက စစ်တပ်ထဲတွင် ငါးနှစ်ကြာ အတူ ရှိခဲ့ကာ စားအတူ သွားအတူ ဖြစ်ခဲ့ကြ၏။ အသွင်တူ အဆင်တူလဲ ဖြစ်ခဲ့၏။ အရင်နှစ်တွေက Yuan Zong မှာ လေ့ကျင့်ခန်း သေချာလုပ်သဖြင့် သူ့ပုံစံမှာ ကျမသွား။ ကြွက်သားများက စတီးကဲ့သို့ မာနေကာ ယောကျာ်းတစ်ယောက်၏.မာန်အပြည့် ရှိနေသေး၏။ သူနှင့် ယှဉ်လိုက်သော် သူ့ရဲဘော်ဟောင်းက အများကြီး အိုစာသွားသည် ထင်ရ၏။
နှစ်ယောက်သား စားသောက်ဆိုင်တွင် ထိုင်ကာ အရင်ကအကြောင်းများ ပြောကြ၏။
ထိုလူက စကားစသည်။
" ငါ မင်းရဲ့ အင်တာဗျူးတွေ အကုန်ကြည့်ဖြစ်တယ်... ရိုးရိုးသားသား ပြောရရင် မင်းကို တကယ်လေးစားတယ်ကွာ... ငါက အဲ့လိုဇွဲမရှိဘူး...စစ်တပ်ထဲ ထွက်ပြီးထဲက အိမ်ပြန်ပြီး ရထားရုံမှာ အလုပ်လုပ်ရတာ... နှစ်ပတ်တစ်ခါမှ အိမ်ပြန်ရတာ..."နှစ်ယောက်သား ခွက်ချင်းတိုက်ကာ သောက်တော့ Yuan Zong ၏ ရင်များ ပူလောင်စ ပြုလာသည်။
" ဒါနဲ့ မင်းက တစ်ယောက်ထဲပဲလား"
ထိုလူက မေး၏။Yuan Zong က ခေါင်းညိတ်သည်။
ထိုလူက အနည်းငယ် သံသယဖြစ်သွားသည်။
" တပ်ထဲမှာ တုန်းက မင်းကို လိုက်တဲ့ မိန်းကလေးစစ်သားတွေ အများကြီးပဲလေ... အဲ့ဒီတုန်းက ပင်ပင်ပန်းပန်း လေ့ကျင့်နေရလို့ ရည်းစားမထားနိုင်တာ ထားပါတော့ ဒါပေမဲ့ မင်းလဲ အောင်မြင်လာပြီလေ... မင်းနားက ဝဲနေတဲ့ သူတွေထဲက တစ်ယောက်လောက်တောင် မင်းက သဘောမကျဘူးလား"" တစ်ယောက်တော့ ရှိတယ်"
Yuan Zong က ပြန်ဖြေသည်။
" ဒါပေမဲ့ သူက ငါ့ကို သဘောမကျဘူး"" မင်း အနေအထားနဲ့ ပုံစံကို ကြည့်ဦးလေ.. ဘယ်သူက သဘောမကျစရာရှိလဲ"
သူ့အနေအထားက ငါ့ထက်တောင် ပိုကောင်းသေးတာကိုး....
Yuan Zong က စိတ်တိုတိုဖြင့် တွေးကာ တစ်ခွက်လုံး မော့ချလိုက်သည်။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...