Chapter 34- သူခိုးလေးအတွက် ဖွင့်ပေးခဲ့သော တံခါးတစ်ချပ်

6.6K 851 7
                                    

Zawgyi

Xuan Da Yu က သူ့ကော်လာကို အတင်းဆွဲ၍ ဧည့်ခန်းထဲသို့ ဆွဲခေါ်လာသောကြောင့် Wang Zhi Shui က အတင်း ရုန်းနေသည်။ Xuan Da Yuကတော့ အကြင်နာတရား တစ်စက်မှ ရှိနေပုံမရပဲ Wang Zhi Shui ကို အတင်းအကြပ် ဆွဲခါနေသည်။
" မင်း သွားမှာလား မသွားဘူးလား"

အနှီ Wang Zhi Shui သည်လဲ သာမန်တော့ မဟုတ်ပေ။ ကျဉ်းထဲကြပ်ထဲ ရောက်နေသည်ကိုပင် ပိုက်ဆံယူကာ ထွက်မသွားပဲ ပေတေခံနေသော သူ့စိတ်ထဲ ဘာတွေရှိမည်ကို မသိနိုင်ပါလေ။ Wang Zhi Shui မှာ Xuan Da Yu က မောင်းထုတ်လေလေ ပေကပ်ကပ်နှင့် နေလေလေ ဖြစ်သည်။

" ကျွန်တော် ပြောတာ နားထောင်ပါဦး... ခင်ဗျားက တော်တော်လွန်နေပြီ.. ခင်ဗျားအိမ်က ဒီလောက်ကြီးတာ ဒီတစ်ညလေး ပေးအိပ်လိုက်လို့ ဘာမှ ဖြစ်မသွားပါဘူး.. ကျွန်တော် ကွေးကွေးလေးပဲ အိပ်မှာ ခင်ဗျားကို အနှောင့်အယှက် မဖြစ်စေရပါဘူး".

Xuan Da Yu ကတော့ အေးစက်စွာ ပြန်ပြောသည်။
" ငါ့အိမ်မှာ သူစိမ်းတွေကို ပေးမအိပ်နိုင်ဘူး.."

" အဲ့ဒါဆို ခင်ဗျား သယ်လာတဲ့သူကရော... သူ့ကိုကျတော့ ခင်ဗျားအိမ်ကို အိပ်ခွင့်ပြုတယ်မဟုတ်ဘူးလား.."

" သူက ချွင်းချက်လေ..."

" အာ့ဆို ကျွန်တော့်ကိုလဲ ချွင်းချက် လုပ်ပေး"

Xuan Da Yu က ဒေါသထွက်ကာ အော်လိုက်သည်။
" မင်းကို ချွင်းချက်ပေးရအောင် မင်းက ဘာကောင်မို့လို့လဲ!"

" ဟိုဟာ... ကျွန်တော်တို့ နာမည်လေ..."

Wang Zhi Shui က သူ့ မှတ်ပုံတင်ကတ်ကို ထုတ်ကာ Xuan Da Yu ၏ မျက်နှာရှေ့ ရမ်းပြလိုက်သည်။

" စကားပုံတောင် ရှိသေးတယ်... အကြိမ် ငါးရာလောက် လှည့်ကြည့်ရန် နောက်ဘဝမှာ တွေ့ဖို့ အခွင့်အရေး ရှိ..."

Xuan Da Yu က အထင်သေးစွာ ကြည့်လိုက်သည်။
" အကြိမ်ငါးရာ ကြည့်မိရင် နောက်ဘဝကို ဘေးကဖြတ်သွားနိုင်ရုံ အခွင့်အရေးရတာ..."

" ဟုတ်တယ် ဟုတ်တယ်... တွေ့တာ မဟုတ်ဘူး.. ဖြတ်သွားတာ... သိပ်လဲ မကွာပါဘူးဗျာ... အတူတူလောက်ပဲကို..ဘာပဲဖြစ်ဖြစ် အဲ့ဒါကျွန်တော်တို့ရဲ့ ကံကြမ္မာပဲလေ.. မူးပြီးတော့ ခင်ဗျားကျောပေါ်ပါလာတာ... ပြီးတော့ နာမည်တွေက ကံတရားလိုပဲ လိုက်ဖက်နေတာ..အရင်ဘဝက ခင်ဗျားနဲ့ ကျွန်တော် လည်ပင်းကျိုးမတတ် လှည့်ကြည့်ဖူးတယ်နဲ့ တူတယ်..."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ