Chapter 193- 195

6.2K 624 34
                                    

Chapter 193- Da Zu Zong ( ကောင်စုတ်ကြီး)

Zawgyi

နောက်ရက်အနည်းငယ်အထိ Xia Yao က Yuan Zong အား စိတ်ရောကိုယ်ပါ အချိန်ပေး၍ ပြုစုစောင့်ရှောက်သည်။

မင်းမျိုးနွယ်မှ ဆင်းသက်လာသော သခင်လေးဖြစ်သော်လဲ Xia Yao က Yuan Zong ၏ တစ်နေ့တာကို သေချာစောင့်ကြည့်၍ လေ့လာသည်။ ပုံမှန်နေ့စဉ်အလုပ်များကို ခဏထား Yuan Zong ကို ရေပတ်တိုက် သန့်ရှင်းရေးလုပ်ပေးရသည်ကပင် အတော်လေး ပင်ပန်းသော အလုပ်ဖြစ်၏။ Yuan Zong က အသန့်ကြိုက်သော OCD ကြီးဖြစ်သောကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိပါက စိတ်မကျေနပ်ပေ။ Xia Yao ကလဲ သူ့အမေ ပြန်သွားသည့်အချိန် ဆရာဝန်နှင့် သူနာပြုများ အနားယူသည့် ညလယ်လောက်မှ ထိုအလုပ်ကို လုပ်ပေးနိုင်သည်။

Yuan Zong သာ ကျေးဇူးသိတတ်စွာနှင့် မျက်ရည်ကျမတတ် ကျေးဇူးတင်ပါက Xia Yao မှာ ယခုဘဝမကသေး သေပြီး၍ ပြန်လည်မွေးဖွားလာသည့် ဘဝတွင်ပင် Yuan Zong ကို ကိုယ်ဖိရင်ဖိ ပြုစုချင်ဦးမယ်ဖြစ်၏။ သို့သော် သူပြုစုနေရသည့် ဦးလေးကြီးမှာ ကျေးဇူးတင်ဖို့ဝေးစွ သူ လုပ်ပေးနေရသည်ကိုပင် မသိကျိုးကျွံပြုကာ ဟိုဟာခိုင်း သည်ဟာခိုင်းနှင့် အဆက်မပြတ် လေပေါနေတတ်၏။

Xia Yao မှာ ပထမသုံးလေးရက်တော့ စိတ်အားထက်သန်စွာ လုပ်ပေးတတ်သည်။ သူ့အမေပြန်သွားသည်နှင့် မနက်သုံးနာရီလောက်မှစကာ Yuan Zong ၏ နေ့စဉ်တာဝန်များကို လုပ်ပေးတတ်သည်။

တဘက်နှစ်ခုကိုင်ကာ ရေနွေးတစ်ဇလုံနှင့် Yuan Zong တစ်ကိုယ်လုံးကို အရှေ့အနောက်နှင့် နားရွက်အပေါ်အတွင်းအနောက်မကျန် သန့်ရှင်းရေးလုပ်ပေး နှိပ်ပေး၏။ ချိုင်းကြားများ ပေါင်ကြားများကိုပါ မငြီးမငြူ သေသေချာချာ ပွတ်တိုက်ပေးသည်။

" ဒီနေရာလေး ပွတ်ပေးပါဦး... ဟိုနေရာလေးကျန်သေးတယ်နဲ့.... ခင်ဗျားပြောစရာမလိုဘူး ကျွန်တော်သိတယ်ဗျ..."

Yuan Zong ကတော့ ထုံးစံအတိုင်း မဟာလက်ညိုးတစ်ချောင်းနှင့် ဟိုထိုးသည်ထိုးလုပ်ကာ ခိုင်းစေသည်ကို Xia Yao သည်းခံနေရသည်။ Yuan Zong အိပ်ရာထဲမှ မထနိုင်သည်က သူ့အပြစ်လဲ မကင်းသည်မို့ တတ်နိုင်သလောက် စိတ်ကို အရှည်ဆုံး ဆွဲဆန့်ထားရ၏။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Onde histórias criam vida. Descubra agora