Zawgyi
Xiao Hui နှင့် Zhang Tian တို့ ရုံးပြန်ရောက်သောအခါ စားပွဲပေါ်တွင် အအေးနှင့် မုန့်များ အထပ်လိုက် တင်ထားသည်ကို တွေ့လိုက်ရသည်။ Xia Yao သည် သားရေ ဂျာကင်အား ခေါင်းပေါ်တင်ကာ အိပ်ပျော်နေသည်။
"ဟာ... ဒါတွေက ဘာတွေလဲ"
Xiao Hui က မုန့်များကို ကြည့်ကာ သွားရည်ကျ မိသည်။Xia Yao က ပြန်ပြော၏။
" မင်းတို့အတွက် ဝယ်လာတာ.."Zhang Tian မှာ Xia Yao အား ချစ်စိတ်များ တဖွားဖွား ပေါ်လာသည်။
" ဒီနေ့က ဘယ်လိုနေ့ထူးမျိုးမို့လဲ"" ဘာမှ မထူးခြားပါဘူး... ငါ စိတ်ကောင်းဝင်နေလို့"
Xiao Hui က နေကြာစေ့ထုတ်ကို အလောတကြီး ဖွင့်ဖောက်လိုက်ရာ အထုတ်မှာ ဖောင်းခနဲ ပွင့်သွားပြီး အစေ့များ မြေပြင်ပေါ် ပြန့်ကျဲကုန်သည်။ Xiao Hui က ရှင်းလင်းရန် အစေ့များကို ကုန်းကောက်စဉ် Xia Yao က တားသည်။
" နေ နေ.. ပြီးမှ ငါ လှည်းလိုက်မယ်"
Xiao Hui က Zhang Tian နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
' ဒီနေ့ ဘာဖြစ်နေပါလိမ့်.. ငါတို့ရဲ့ တစ်မိုးအောက် သခင်လေး Xia က သဘောတွေ အရမ်းကောင်းနေပါလား'
ပျော်ရွှင်မှုနှင့် နာကျင်မှုတို့သည် အပြန်အလှန် မှီခိုနေသည်မှာ ဖြစ်လောက်သည်။ အကယ်၍ Yuan Ru သာ သူ့ကို မသိခဲ့လျှင် Xia Yao ၏ ဘဝတွင် ဤကဲ့သို့ ပြောင်းလဲမှုမျိုး ကြုံရမည် မဟုတ်ပေ။ ပျော်စရာလဲ ရှိမည်မဟုတ်။ သည်းမခံနိုင်စရာ စိတ်ရှုပ်စရာ ဖြစ်ရပ်များပြီးနောက် ပြဿနာကြီးနှစ်ခုကိုလဲ ဖြေရှင်းခဲ့ရသည်။
ညနေပိုင်းတွင် Xia Yao သည် အလွန်အမင်း စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်နေ၏။ လုပ်ဖော်ကိုင်ဖက်တို့၏ ပခုံးကို ဖက်ကာ ပျော်ရွှင်စွာ ရုံးဆင်းလာ၏။
" Xia Yao ဒီနေ့ ဘာဖြစ်နေလဲ မှန်မှန်ပြောစမ်း"
သူငယ်ချင်းများက Xia Yao အား ဝိုင်းမေးသော်လဲ သူ့မျက်နှာမှာ ပြုံးစိစိ ဖြစ်နေသည်။" မပြောပြဘူး..."
" ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကျေအေးစေချင်တာများလား..."
Zhang Tian နှင့် Xiao Hui တို့မှာ Xia Yao ပခုံးအား လှမ်းကိုင်လိုက်၏။
သုံးယောက်သား ပျော်ရွှင်စွာ ထွက်လာစဉ် Xia Yao က ရုတ်တရက် ရင်းနှီးသော ကားအရိပ်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာမှာ ရုတ်တရက် မာတင်းသွားပြီး တိုးတိတ်စွာ ရေရွတ်သည်။
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...