197: Vol 15: 9

17.4K 909 41
                                    

Unicode

Tv နဲ့ယှဉ်ရင် ရုပ်ရှင်ရုံထဲကစခရင်ဟာ ဇာတ်ကောင်တွေရဲ့ မျာက်နှာကို အကြီးဆုံး ပမာဏထိ တိုးချဲ့နိုင်တယ်။ အဲ့ဒါကြောင့် ပြင်ပမှာ များစွာသော သရုပ်ဆောင်တွေရဲ့မျက်နှာဟာ မှန်ဘီလူးနဲ့သာကြည့်ဖို့ အတော်လေးသေးငယ်နေရမယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ရုံထဲက ပရိတ်သတ်တွေဟာ စခရင်ပေါ်က လူရဲ့မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်ရလေတယ်။

မူလတုန်းကတော့ နတ်ဆိုးရဲ့လှည့်စားမှုလို အချိန်မရွေး စခရင်ထဲကထွက်လာတော့မယ့်ပုံဖြစ်တယ်။ အခုတော့ အီမိုဂျီပတ်ကေ့ထဲကို ပြောင်းလဲသွားသလိုမျိုး သံသယစိတ်နဲ့ လှည့်စားနေတယ်...

ဝမ်ဝမ်ဝမ်က က 'သူ့မျက်လုံးသေးသေးလေးထဲမှာ question mark (?) တွေပြည့်နေတယ်' ဆိုတဲ့စာကြောင်းကိုတောင် စဉ်းစားမိတယ်။

ချပ်

အဲ့ဒါက ဖုန်းကင်မရာရဲ့ အသံပါပဲ။ ဝမ်ဝမ်ဝမ်က သူ့ခေါင်းကိုချက်ချင်းလှည့်ကြည့်လိုက်တော့ ဝမ်ဟွိုင်က စခရင်ကို ဓါတ်ပုံရိုက်ပြီး ဖုန်းကို ကိုင်ထားဆဲပဲဆိုတာကို တွေ့လိုက်ရတယ်။ ထို့နောက် ဝမ်ဟွိုင်က သူရိုက်ထားတဲ့ပုံကို ပြုံးပြီးကြည့်နေတယ်။

မကြာခင် စခရင်ပေါ်ကပုံရိပ်က သူ့ဘာသာ ချိန်ညှိနေတယ်။ သူ့မျက်နှာပေါ်က ဒါဏ်ရာတွေဟာ ပိုတိုးလာတယ်။ သွေးတွေက သူ့မျက်နှာအမူအရာပေါ် ဖုံးအုပ်နေပြီး သူ့မျက်နှာတစ်ခုလုံး သွေးတွေစွန်းထင်းနေတယ်။

"လူတိုင်း... အနံ့တစ်ခုခုရကြလား?" ရွှီကျားဟန်က သူ့မျက်လုံးကိုမှိတ်ထားတာကြောင့် သူ့ရဲ့အနံ့ခံအာရုံက အရမ်းကောင်းနေတယ်။ သူက နှာခေါင်းတရှုံ့ရှုံ့နဲ့အနံခံလိုက်ပြီးဆက်ပြောတယ်။
"သံချေးနံ့လိုပဲ"

ဝမ်ဟွိုင်က ပျင်းရိပျင်းတွဲထိုင်နေရင်း အမှန်ပြင်ပေးလိုက်တယ်။
"သံချေးနံ့မဟုတ်ဘူး။ အဲ့ဒါ သွေးနံ့"

ကူးပြောင်းဝင်ရောက်သူတွေထပ်ပိုပြီး ဘယ်သူမှ သွေးနံ့ကို အာရုံခံနိုင်မှာ မဟုတ်ပေ။ မကြာခင်မှာပဲ သူတို့က ရွှီကျားဟန်ရဲ့သတိပေးချက်ကို မလိုတော့ပါဘူး။ လူတိုင်းက ရုပ်ရှင်ရုံတစ်ရုံလုံး ပျံ့နှံ့နေတဲ့ ပြင်းထန်တဲ့သွေးနံ့ကို ရလိုက်တယ်။ ဂရုတစိုက်တွေးကြည့်မယ်ဆိုရင် သွေးနံ့က စခရင်ထဲကပုံရိပ်ရဲ့ဒါဏ်ရာတွေ တိုးပွါးလာတဲ့အချိန်မှာ စတင်ပျံ့နှံ့လာတာ ဖြစ်တယ်။ သူတို့က ရှေ့ဆုံးနဲ့နီးလေလေ သွေးနံ့က ပိုပြင်းထန်လေပါပဲ။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now