ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

610 50 0
                                    

Chapter 4
အပြစ်မဲ့တဲ့ပွဲကြည့် ပရိတ်သတ်လေး

ယောင်စစ်၏နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ခံနေရသလိုခံစားနေရကာ သူမခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲသွားပေသည်။ ထို့နောက်သတ္တိမွေးလိုက်ပြီး မော့ကြည့်လိုက်သည်။ သူမနှင့်မနီးမဝေးနေရာရှိ လမ်းမီးတိုင်ပေါ်တွင်လူတစ်ယောက်ရှိပေသည်။ ထိုလူ၏တစ်ခုလုံးကို အနက်ရောင်ကုတ်အရှည်တစ်ခုဖြင့်ဖုံးအုပ်ထားသောကြောင့် မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အဝါရောင်ဆံပင်များကိုမြင်လိုက်ရသောကြောင့် နိုင်ငံခြားသားတစ်ယောက်ဖြစ်သည်မှန်း သိလိုက်ရသည်။

"ဟား... မင်းတို့အနောက်တိုင်းအုပ်စုကလည်း မြင်ရသလောက် မကြမ်းပါလား..."
နောက်ထပ် အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။

ထိုမှသာလျှင်ယောင်စစ်သည် သူမ၏အနီးရှိလမ်းမီးတိုင်ပေါ်တွင် နောက်ထပ်လူတစ်ယောက်ရှိနေမှန်းသိလိုက်ရသည်။ ထိုသူ၏မျက်နှာသည် အခြားတစ်ယောက်လိုပင်မမြင်ရသော်လည်း သူ့တွင်ဆံပင်အနက်များရှိသဖြင့် ထိုသူသည်သူမလို အရှေ့တိုင်းဘက်တော်သားဖြစ်ရပေမည်။

ထိုလူနှစ်ယောက်လုံးသည် သွေးစုပ်ဖုတ်ကောင်များဖြစ်ကြပေလိမ့်မည်။ သူတို့ထံမှ လီကျန်းထံမှရရှိသည့် ဖိအားနှင့်လုံးဝကွာခြားသော မမြင်နိုင်သည့်ဖိအားအချို့ကိုခံစားနေရသည်။ သူမခန့်မှန်းတာမလွဲဘူးဆိုလျှင် ထိုလူနှစ်ယောက်သည် လီကျန်းပြောဖူးသည့် တတိယမျိုးဆက်နှင့်အထက်သွေးစုပ်ဖုတ်ကောင်များဖြစ်နိုင်သည်။
နေပါဦး ...သူတို့ကတိုက်ခိုက်နေကြတာလား...

ပြောတော့ တိုက်ပွဲက A မြို့မှာပါဆို ...အခုဘာတွေဖြစ်နေတာလဲ...
ဒါက တိုက်ပွဲမစခင်သွေးပူလေ့ကျင့်ခန်းလုပ်နေကြတာလား...

ယောင်စစ်တစ်ယောက် သူမရှေ့တွင် မီးစများတဖွားဖွားထွက်ပေါ်နေသော မီးဆိုင်းကြီးကိုကြည့်လိုက်ပြီး နှလုံးအောက်ခြေမှ ကြောက်စိတ်တို့မြင့်တက်လာသည်။ သူမသာခြေတစ်လှမ်းထပ်တိုးမိပါက ထိုမီးဆိုင်းကြီးအစားကွဲကြေနေမည့်အရာမှာ သူမ၏ခေါင်းပင်ဖြစ်ချေသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now