Chapter 81
ဂိုဏ်းရဲ့သစ္စာဖောက်တံခါးပွင့်သွားသည့်နေရာမှ လူဆယ်ဦးခန့် လျှောက်လှမ်းလာကြသည်။ အမျိုးသားရော အမျိုးသမီးရောပါရှိကာ အဖြူရောင်နဖူးစည်းနှင့် တူညီဝတ်စုံများဝတ်ဆင်ထားကြပြီး ဇန်ဇီချန် ကိုင်ဆောင်သည့်ဓားနှင် အသွင်တူဓားများအား ကိုင်ဆောင်ထားကြ၏။
၎င်းတို့က တညီတညာတည်း ဇန်ဇီချန်အား လက်ညိုးထိုးလိုက်ကြသည်။
" ဇန်ဇီချန်..."
လူအုပ်အား ဦးဆောင်လာဆသာအမျိုးသားက မယုံကြည်နိုင်မှုများနှင့် ဇန်ဇီချန်အား ကြည့်ရှုလာသည်။ ထိုသူက နာမည်ခေါ်လိုက်သည်နှင့် အနောက်ဘက်ရှိလူအုပ်ထံမှ ဗလုံးဗထွေးသံများ ထွက်ပေါ်လာပေသည်။
" သူပဲ အဲဒါတကယ်ကြီးသူပဲ သူမသေသေးဘူး..."
" မဖြစ်နိုင်တာ ဘယ်သူကနတ်ဆိုးလောက ကနေအသက်ရှင်လျက်လွတ်လာနိုင်လို့လဲ..."
" နတ်ဆိုးတိုင်းပြည်ကို ပြည်နှင်ဒဏ်ခံရတာတောင် အသက်ရှင်နေတုန်းပဲ သူကတကယ်ကိုနတ်ဆိုးမျိုးနွယ်စုကသူလျှိုပဲနေမှာ..."
" ဒီကောင်က တိုက်ပွဲအသွင်ပြောင်းဆေးလုံးသူခိုးပဲ..."
" ဇန်ဇီချန်..."
ယခုနကလူက အော်ဟစ်လာပြီး ရှေ့သို့ခြေလှမ်းကျဲကျဲဖြင့် ရောက်ရှိလာသည်။ သူ၏လက်က ဓားရိုးထက်တွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လူသတ်လိုရိပ်တို့ကိုလည်း ဖုံးကွယ်မထားချေ။
" သစ္စာဖောက်ကောင် မင်းဘယ်မျက်နှာနဲ့ပြန်လာရဲတာလဲကွ..."
ဟင် သစ္စာဖောက် ...
ယောင်စစ်က ကြောင်အသွားကာ ဇန်ဇီချန်အား လှည့်ကြည့်လိုက်မိသည်။ လူငယ်လေးက စိုးရိမ်တကြီးဖြစ်နေခဲ့သည်မှာ ဤအကြောင်းကြောင့် ပေလော။
ဇန်ဇီချန်က နေရခက်စွာဖြင့် ရှေ့သို့တိုးလာသည်။
" ဂိုဏ်းတူညီလေး ငါတကယ်မခိုးခဲ့ပါဘူး..."
" တိတ်စမ်း..."
ထိုသူက ဇန်ဇီချန်၏အား ပိတ်ပြောလိုက်သည်။
" မင်းကိုနှင်ထုတ်လိုက်တာကြာပြီ မင်းကရှစ်ဖန်းဂိုဏ်းရဲ့တပည့်မဟုတ်တော့တာကြာပြီကွ ငါ့ကိုဂိုဏ်းတူညီလေးလို့ခေါ်ဖို့အဆင့်ရှိတယ်ထင်နေလား နတ်ဆိုးတိုင်းပြည်ကနေဘယ်လိုအသက်ရှင်နေသေးတာလဲမင်း..."
![](https://img.wattpad.com/cover/346223543-288-k852206.jpg)